အခန်း(၁၃၄၀)

91 12 1
                                    

အခန်း(၁၃၄၀)

Han Xiang။







Ning Cheng မှာ Cheng'er ထံ ပြောလိုက်လေသည်။ "မနက်ဖြန် Batu က ငါ့ လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုအစောင့်တွေရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ မင်းမှာ သတ္တိရှိရင် ဆန္ဒရှိသရွေ့ တံခါး လာခေါက်လိုက်။"

သူက စကားဆုံးသည်နှင့် အခန်းထဲကို လှည့်ဝင်သွားလိုက်သည်။ ဤတစ်ကြိမ်တော့ သူက တံခါးကိုဆောင့်ပိတ်ခြင်း မပြုပဲ ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ Cheng'er မှာ စကားမပြောနိုင်တော့ပဲ ကျန်ရစ်ခဲ့ပြီး သူမ၏ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားတော့သည်။ သူမ ရုတ်တရက် ကစားပွဲထဲမှ အပြင်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမနှင့် အားချန် တို့ကြားမှ ပြိုင်ပွဲဖြစ်မည်ဟု အမြဲတစေ ထင်ခဲ့သော်လည်း ယခုအချိန်တွင် အားချန် နှင့် Han Xiang တို့၏ ကစားကွက်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သူက သူမကို လုံးလုံးထုတ်ပယ်ပစ်လိုက်သည်။

သူက သူမကို သတ်ပစ်ရန် အမှန်တကယ် မလုပ်ရက်နိုင်ဟု အမြဲတစေ ထင်ခဲ့သည်။ ထွက်လာသည်နှင့်အမျှ သူက စိတ်မ၀င်စားခြင်းပင်။ Yujin မှာ ဘေးမှ ထွက်လာကာ အားချန်၏ စကားကြောင့် သိသိသာသာ အံ့သြနေလေသည်။

"Cheng'er သွားကြစို့။" သူမ စိတ်ထက်သန်စွာ ပြောလိုက်သည်။

"ငါမသွားဘူး။" Cheng'er မှာ သွားများကို ကြိတ်လိုက်သည်။ အကယ်၍ လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုမှာ Ning Cheng နှင့် Han Xiang ၏လက်ထဲတွင် အဆုံးသတ်သွားခဲ့လျှင်ပင် ဘာဖြစ်မည်လဲ။ သူမ ကိစ္စများကို မွှေနှောက်ဦးမည်။

"သူက တခြားသူတွေအတွက် တလိုတလား ဝန်ဆောင်မှုပေးမယ့်သူလို့ မယုံချင်ဘူး။" Cheng'er မှာ အေးစက်စွာပြောလိုက်သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် Cheng'er မှာ အဝေးမှ Han Xiang တစ်ယောက် လာနေသည်ကို အမှန်ပင် မြင်လိုက်ရသည်။ သူမကို တစ်ကြိမ်ပင် မမြင်ဖူးသော်လည်း ဇိမ်ခံမြင်းလှည်းကို အကြည့်တစ်ချက်ဖြင့် ဝံပုလွေဂိုဏ်းပိုင်ဖြစ်မှန်း မှတ်မိနိုင်သည်။ Han Xiang မှ ဆင်းလာသောအခါ Cheng'er မှာ ချက်ချင်းမေးလိုက်လေသည် "Jin၊ သူမနဲ့ ငါကြားက ဘယ်သူက ပိုလှလဲ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now