အခန်း(၁၃၅၁)

112 17 1
                                    

အခန်း(၁၃၅၁)

ထွင်းဖောက်မြင်နိုင်ခြင်း။







Yan'er မှာ အအိပ်မက်ပြီး သူမကို နှိုးခြင်းမှ ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာသည်မှာ အားလုံးသိသော ကိစ္စဖြစ်သည်။ သို့သော်၊ Rui’er မှာ ခေါင်းကိုင်အဖေ၏မေးခွန်းကို ရှောင်ရန် လမ်းမှ လှည့်ပတ်ကာ ကုတင်ပေါ်သို့ ခုန်တက်၍ Yan'er ကို ဆွဲလိုက်လေသည်။ သူမ အလွန်ငိုက်မျဉ်း၍ မခုခံနိုင်ပဲ ဆက်၍ အိပ်နေလေသည်။

Rui'er မှာ သူမကို လွှတ်ပေးကာ အော်ရန်သာတတ်နိုင်တော့သည်။ "Xuanyuan Yan၊ မီးလောင်နေပြီ။"

"အာ...!" Yan’er မှာ ချက်ချင်းပင် မတ်မတ်ထထိုင်ကာ အိပ်ငိုက်နေသော မျက်လုံးများ ပြူးကျယ်လာသည်။ "မီး။"

Rui'er မှာ မျက်စောင်းထိုးကာ ပြောလိုက်လေသည်။ "နိုးပြီလား။"

Yan'er ၏ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွားကာ Rui'er ထံ လက်သီးဖြင့် ထိုးလိုက်သော်လည်း သူက အလျင်အမြန်နောက်ဆုတ်ရန် လုံလောက်စွာ ကြိုမြင်နိုင်လေသည်။ သူမ သူ၏ နောက်မှ လိုက်ဖမ်းရန် ကုတင်ပေါ်မှ လှည့်လိုက်သောအခါတွင် ခေါင်းကိုင်အဖေချီမှာ ဘေးတွင် ရပ်နေပြီး သူမကိုကြည့်နေမှန်း စတင် သတိပြုမိလိုက်လာသည်။ သူမ အေးခဲသွားပြီး လုံးဝ နိုးလာတော့သည်။

ဤခေါင်းကိုင်အဖေမှာ သူမ၏မွေးစားအဖေ သာမဟုတ်ပဲ သူမ၏လျှို့ဝှက်ဆရာလည်း ဖြစ်သည်။ ကျောက်မားမားမှာ  သူမကို ​ခေါင်းကိုင်အဖေမှ တစ်ဆင့် "သာမာန်အသိ" တော်တော်များများကို သင်ပေးခဲ့သည်။ အသေအချာပင် သူမ ချစ်သည့်အရာမှာ သူက သင်ပေးသည့် "သာမန်အသိ" မဟုတ်ပဲ တိမ်တိုက်ကုန်းမြေကြီး၏ ထောင့်ပေါင်းစုံမှ သူက ပေးပို့လေ့ရှိသည့် အဆာပြေမုန့်များပင်။

"ယန်အာလေး၊ မင်း ခေါင်းကိုင်အဖေကို လွမ်းနေရဲ့လား။" Gu Qishao မှာ အပြုံးဖြင့် မေးလိုက်သည်။

"ဒါပေါ့။ ခေါင်းကိုင်အဖေကို သေလုနီးပါး လွမ်းနေတာ။" Yan'er မှာ ဥာဏ်များစွာ ပြုံးကာ ချက်ချင်း ထပ်ပြောလိုက်သည်။ "ဟီးဟီး၊ ဒီတစ်ခါ စားဖို့ ခေါင်းကိုင်အဖေက ဘယ်လို ကောင်းတာတွေ ယူလာတာလဲ။ ခန့်မှန်းကြည့်ရအောင်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now