အခန်း(၁၃၆၁)

89 15 2
                                    

အခန်း(၁၃၆၁)

အဆင့် ၁၀ ရမက်ဝါးမြိုခြင်း။





Long Feiye နှင့် Han Yunxi တို့မှာ Rui'er မှပြန်ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ နှစ်ယောက်စလုံး နောက်ပြန်လှည့်ကြည့်လိုက်လျှင် Gu Qishao နှင့် Yan'er မှာလည်း  ရောက်နေစဥ် ​​Han Xiang မှာလည်း အနီးနားတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ Han Xiang မှ သူတို့ကို ဤနေရာသို့ ရောက်လာရန် ဖိအားပေးခဲ့ကြောင်း သိနိုင်ရန် တွေးနေစရာပင် မလိုပေ။ Long Feiye မှာ အားအင်များစွာ မကျန်တော့ပဲ အမြင်အာရုံများပင် မှုန်ဝါးလာနေသည့်တိုင် ကလေးနှစ်ယောက်၏ မြင်ကွင်းတွင်တော့ ခံစားချက်များမှာ ဘယ်တော့မှ အရည်ပျော်သွားနိုင်မည့်ဟန်မပေါ်နိုင်တော့အထိ အကြည့်များတွင် တွန့်ဆုတ်မှုနှင့် နာကျင်မှုများ ပို၍ သိပ်သည်းလာခဲ့သည်။

ဘာပဲဖြစ်​ဖြစ်​ သူက လဲကျသွားလို့ မဖြစ်နိုင်​ဘူး! မရဘူး!

"အဖေ.. အဖေ ဘာဖြစ်နေတာလဲ... ဘာဖြစ်နေတာလဲ။" Rui'er မှာ Gu Qishao ၏လက်မှ ရုန်းကန်ကာ Long Feiye ဘက်သို့ ပြေးသွားလိုက်သည်။ သူသည် ၁၀ နှစ်နှင့် လအနည်းငယ်ရှိပြီ ဖြစ်သော်လည်း သုံးနှစ်သားကလေးကဲ့သို့ ငိုနေခဲ့သည်။

"နောက်မှနေ…" Long Feiye နှင့် Han Yunxi တို့မှာ သံပြိုင်အော်လိုက်ကြစဥ် Gu Qishao မှာ သူ့ကို မဖမ်းနိုင်လိုက်ပေ။

"Rui'er မင်း သွားလို့မရဘူး။"  သူက နောက်မှ လိုက်သွားချင်သော်လည်း Yan'er မှ ရှိနေသဖြင့် ထွက်မသွားဝံ့ပဲ Han Xiang မှာ သူတို့ကို မှီလာသည်။ ကောင်မလေးကို အကာအကွယ်ပေးရုံအပြင် သူက ဘာကိုမှ ပေါ့ပေါ့ဆဆ မကြိုးစားဝံ့ပေ။

ချီမျိုးနွယ်ခေါင်းဆောင်မှာ Rui'er ကို အနည်းငယ် ဂရုမစိုက်သကဲ့သို့ သူ၏ တိုက်ခိုက်မှုများကိုလည်း မရပ်တန့်ခဲ့ပေ။ သူက Long Feiye ဆီသို့ စတုတ္ထမြောက် ပေါက်ကွဲမှုအတွက် ဓားကို မြှင့်လိုက်သည်။ Long Feiye မှာ လှည့်ကြည့်ကာ ဓားသွားကိုမြင်လျှင် အော်ဟစ်လိုက်လေသည်။ "Rui'er၊ ထွက်သွားပါ။ ငါ့စကားကို နားထောင်။"

"အဖေ၊ အန္တရာယ်ကြုံနေတဲ့အချိန် ကလေးက သူတို့မိသားစုနဲ့ ပေါင်းသင့်တယ်။ လက်အောက်ငယ်သားတစ်ယောက်က အန္တရာယ်ကြုံတဲ့အခါ ကိုယ့်နိုင်ငံနဲ့ ပေါင်းသင့်တယ်။" ဆယ်နှစ်အရွယ် Rui'er တွင် နူးညံ့သောအသံရှိသော်လည်း သူ၏ စကားများ၌ ခွန်အားနှင့် ကျောရိုးများဖြင့် ပြည့်နေသည်။ သူက Long Feiye ၏သားနှင့် မဟာချင် ၏အိမ်ရှေ့စံ ဖြစ်နေသည်မှာ အံ့သြစရာဟုတ်ပေ။ သူက ပခုံးချင်းယှဥ်ကာ မတ်တပ်ရပ်ရန် အဖေ၏ ဘေးသို့ ပျံသန်းသွားခြင်းမဟုတ်ပဲ သူ၏ ရှေ့တွင် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ကာကွယ်ပေးရန် သူ့အစွမ်းရှိသမျှ အသုံးပြုလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now