အခန်း(၁၂၄၃)

130 22 2
                                    

အခန်း(၁၂၄၃)

လက်ဆောင်များ ပေးအပ်ခြင်း။







Baili Lixiang မှ မှတ်ချက်မပေးလျှင်တောင်မှ သူတို့၏ ရှေ့ရှိ ပန်းကန်ခွက်ယောက်များမှာ ထူးခြားကြောင်း လူတိုင်းမှ ပြောနိုင်သည်။ သို့သော်လည်း သူမက သူတို့ကို အံ့သြစေဆဲပင်။ ဥပမာအားဖြင့်၊ Baili Lixiang သည် ဒုတိယအဆင့် ထိုင်ခုံများတွင် ရွှေတစ်ထောင်ဖြင့်ပင် ဝယ်ယူရန်ခက်ခဲ့သည့် အနက်ရောင်ကြွေထည်များပါရှိကြောင်း မှတ်သားခဲ့သည်။ တစ်စုံလျှင် ၅၉ ပိုင်းပါ၀င်ပြီး ခုနစ်ရောင် နဂါး နှင့် ဇာမဏီ အစုံထက်  ထက် ၁၀ခုသာ လျော့နည်းသည်။

အခြားဥပမာတစ်ခုအနေဖြင့် Baili Lixiang မှာ ဒုတိယအဆင့် ထိုင်ခုံအောက်ရှိ ကျန်စားပွဲများတွင် သာမန်မဟုတ်သော ကျောက်စိမ်းဖြူကြွေထည်များဖြင့် တည်ခင်းထားကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ကို ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော်လည်း နည်းပညာအရ ကြွေထည်များအဖြစ် ရေတွက်နိုင်သေးသည်။ ပြီးပြည့်စုံသော အစုံတွင် ၅၅ ချပ် ပါရှိပြီး အနက်ရောင်ကြွေထည် စုဆောင်းမှု၏ လေးခုမျှသာ လျော့နည်းသည်။ ရှားပါးပစ္စည်းများကို ဘေးဖယ်ထားလိုက်လျှင် ပန်းကန်ခွက်ယောက် အရေအတွက်မှ များပြားလှသော ဧည့်သည်များအားလုံးအတွက် စုစုပေါင်း သောင်းဂဏန်းကျော် ပမာဏရှိမည်ဖြစ်သည်။ အစုံလိုက်တိုင်း ဖြည့်ရန် အစားအသောက် ဘယ်လောက်လိုမလဲ။

ထို့နောက် လူတစ်ယောက်မှာ ဆယ်ယောက်စာ တစ်ယောက်တည်း ပြီးအောင် ဘယ်လိုစားနိုင်မည်လဲ။

မြောက်ပိုင်းလီမှ သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်း မရှိလျှင်တောင်၊ မဟာချင်မှ စပါးပြတ်လပ်မှုမရှိလျှင်တောင်၊ တိုင်းပြည်သည် အလွန် ကြီးပွားချမ်းသာနေလျှင်တောင်၊ ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ဖြုန်းတီးမှုကို မကြိုဆိုပေ။ ဧည့်သည်တိုင်းတွင် ပန်းကန်ဝိုင်းတစ်ချပ်၊ တူတစ်စုံနှင့် ဝိုင်ခွက်တစ်လုံးစီရှိကြသည်။ ကျန်သော ပန်းကန်ခွက်ယောက်များကို နန်းတွင်းသူ အမျိုးသမီးတွေမှ ဆက်တိုက်ယူလာသည့် ဟင်းအမယ်များ တည်ခင်းရန် အသုံးပြုထားသည်။ Baili Lixiang မှ စကားဆုံးသွားချိန်တွင်တော့ နန်းတွင်းသူများမှာ အိုးသေးလေးမှ  အကြီးအထိ  အစားအသောက် သုံးကြိမ် ထုတ်ပေးပြီးခဲ့ပြီပင်။ ၎င်းတို့အားလုံးကို အဖုံးများဖြင့် ဖုံးအုပ်ထားသောကြောင့် အတွင်း၌ မည်သည့်အရာရှိနေသည်ကို မပြောနိုင်ပေ။ သို့ရာတွင် ဧည့်သည်များမှာ လေထဲပျံ့နေသည့် အငွေ့နှင့် ရနံ့များကို မြင်နေရသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now