အခန်း(၁၂၁၉)

395 36 6
                                        

အခန်း(၁၂၁၉)

အဖေဖြစ်သူကို လှည့်ပတ်ခြင်း။







Ning Jing မှာ သံသယများ ရှိခဲ့သော်လည်း Tang Li မှ ထန်မျိုးနွယ်၏ အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးတမ်းများကို ရှင်းပြသည်ကို ကြားရလျှင် သူမ၏ နှလုံးသားကို အဆုံးအထိ ခိုင်မာစေခဲ့သည်။ အကယ်၍ သူတို့က ထန်မျိုးနွယ်၏ ဓလေ့ထုံးတမ်းများကို ဖောက်ဖျက်နိုင်ခြင်း မရှိလျှင် ထန်ထန်လေးမှာ တစ်နေ့တွင် သူမ၏ အဆင့်အတန်းအောက်ရှိ လက်နက်ဆရာတစ်ဦးနှင့် လက်ထပ်ရန် အတင်းအကြပ် ဖိအားပေးခံရပေမည်။ ထိုအခြေအနေမျိုးတွင်၊ သူမအား မျိုးနွယ်ခေါင်းဆောင်နေရာကို အမွေဆက်ခံစေပြီး သူမနှစ်သက်သော အမျိုးသားတစ်ဦးကို ထန်မျိုးနွယ်သို့ လက်ထပ်ယူခြင်းက ပိုကောင်းနိုင်သည်။

Ning Jing မှာ သူ့ကိုယ်သူ မည်သည့် မှာယွင်းမှုမဆို လက်ခံနိုင်သော်လည်း သမီးဖြစ်သူတော့ မပါပေ။ 

Tang Li မှာ ၎င်းကို အသုံးပြုကာ Tang Zijin ကို ခြိမ်းခြောက်ရန် ညတွင်းချင်း ထွက်သွားချင်နေ
သည်။ Ning Jing မှာ သူတို့၏ အိတ်များကို ထုပ်ပိုးပြီး လင်မယားမှာ တစ်စိတ်တစ်ဝမ်းတည်း လုပ်ကိုင်ခဲ့ကြသည် ။ Tang Li မှာ သခင်မထန်ကို မနက်ဖြန်တွင် ပေးရန် ရည်ရွယ်ကာ သူတို့၏ ရည်ရွယ်ချက်ချက်ကို ဖော်ပြသော စာရွက်တစ်ရွက်ကို ချန်ထားခဲ့သည်။ သူက အစေအပါးတစ်ယောက်မှ မခေါ်ပဲ ဇနီးနှင့် သမီးအားသာ ခေါ်ဆောင်ကာ တောင်ပေါ်မှ ခိုးထွက်လာသည်။

နောက်တစ်နေ့ နံနက်စောစော သခင်မထန်မှ အိပ်ယာထစတွင် Tang Zijin မှ ပြန်လာသည်ကိုမြင်လိုက်ရသည်။ သူမ၏ မျက်နှာမှာ သုန်မှုန်သွားကာ နှလုံးသားတွင် လေးလံနေ၍ သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။ Tang Zijin မှာ ကြာပန်းတောင်ထိပ်တွင် ကိစ္စများအား စေ့စေ့စပ်စပ် စဥ်းစားလာသည်လား ဒေါသဖွင့်ထုတ်လာသည်လား မရှင်းလင်းပေ။ မည်သို့ပင်ဆိုစေကာမူ သူက ယနေ့တွင် ပို၍ ကောင်းမွန်သော သဘောထားရှိနေသည်။ ဇနီးသည်၏ တင်းမာသောအမူအရာကို မြင်လိုက်ရသဖြင့် လမ်းလျှောက်လာရင်း သူမအတွက် လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးလိုက်သည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now