အခန်း(၁၃၄၂)

83 12 0
                                    

အခန်း(၁၃၄၂)

စူးရှသော အော်သံ။






Yujin ၏ ရှင်းပြချက်ကို ကြားလျှင် Ning Cheng မှာ များစွာ တုံ့ပြန်မှု မရှိပေ။ သူက "အိုး" ဟုသာ ပြောကာ လှည့်ထွက်သွားသည်။ Yujin ၏ မျက်နှာတွင် သံသယများ ဝင်လာတော့သည်။ ဒီလူက Cheng'er ကို  စိတ်ထဲမထားတော့ဘူးလား။ သူမ သူ၏ နောက်ကို လျင်မြန်စွာ လိုက်လာကာ မေးလိုက်သည်။ “သခင်ချန် ၊ ရှင်.. ရှင် Cheng’er ကို ဂရုမစိုက်ဘူးလား။"

"သူမကိုယ်တိုင် ဖန်တီးထားအတွက် သူမဘာသာ ပြင်နိုင်တယ်။ ငါက သူမကို စိတ်ထဲထားဖို့ ဘာများ အရည်အချင်းရှိနိုင်မှာလဲ။" Ning Cheng မှာ ပြန်ပြောလိုက်သည် ။

Yujin မှာ ပြန်ပက်ချင်နေသော်လည်း ထပ်ပြီး စဥ်းစားပြီးတောင်မှ အကြောင်းပြချက် ရှာမတွေ့ပေ။ Ning Cheng မှာ ထပ်ပြောလိုက်သည်။ " တကယ်လို့ သူမမှာ Shangguan Ze ကို ဖြားယောင်းနိုင်တဲ့ အရည်အချင်းရှိရင် စောစောစီးစီး ဘာလို့ ထွက်မလာတာလဲ။ ငါက တကယ်ပဲ Han Xiang နဲ့ ပတ်သက်ချင်နေတယ်လို့များ ထင်နေတာလား။"

Yujin မှာ သူ၏ စကားများကြောင့် တစ်စုံတစ်ရာလွဲနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ Ning  Cheng  မှ ထွက်သွားသည်ကို ကြည့်နေပြီး ဘာကိစ္စရှိနေကြောင်း စဥ်းစားနေသည်။ သို့သော် Ning Cheng မှာ ရုတ်တရက် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်လျှင် Yujin မှာ သူ့အား တိုက်မိလုနီးဖြစ်သွားသည်။ ကံကောင်းမစွာ သူမက အချိန်မီသတိပြုမိပြီး အလန့်တကြားဖြင့် အလျင်အမြန် ပြန်ဆုတ်သွားသည်။ Ning Cheng မှာ မထီမဲ့မြင်ဖြင့်သာ ပြန်ကြည့်လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူဖြစ်သော်လည်း ထိုအမျိုးသမီး၏ သတိမှာ နိမ့်လွန်းနေသည် မဟုတ်လော။ Yujin ၏ အခြေအနေသတိပြုနိုင်စွမ်းမှာ အမှန်တကယ်တွင် မြင့်မား သော်လည်း Cheng'er နှင့်တွေ့ပြီးနောက် ကျဆင်းသွားကြောင်း သူက မသိခဲ့ပေ။ Cheng'er နှင့် ပတ်သက်သည့် မည်သည့်အရာမဆို သူမ၏သတိကို လျှော့ချပေးလိမ့်မည်။

Ning  Cheng  မှာ အချိန်အတော်ကြာ ရပ်နေပြီးနောက် သူတို့က ရှန့်ကွန်းအိမ်တော်ကို တစ်ပတ်လှည့်လာပြီး ၎င်း၏အိမ်ရှေ့တံခါးတွင် အဆုံးသတ်သွားကြောင်း Yujin မှာ သတိထားမိသွားသည်။ လက်ရှိတွင် Ning Cheng မှာ တံခါးဝမှ ကဗျည်းပြားကို စိုက်ကြည့်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now