အခန်း(၁၂၇၈)

93 16 0
                                    

အခန်း(၁၂၇၈)

မရှုပ်နဲ့။






အမျိုးသမီးမှ Long Feiye ၏ ဘေးသို့ လျှောက်သွားစဥ် သူမ၏နောက်မှ လိုက်သွားရင်း Han  Yunxi ၏ အကြည့်များမှာ ကျဉ်းမြောင်းသွားသည် ။ ကံကောင်းထောက်မစွာပင် ထိုအမျိုးသမီးမှာ Han  Yunxi ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ယနေ့ည သူတို့၏ အစီအစဉ်များကို အဆုံးမသတ်မီ အလွန်နီးကပ်သွားခြင်း မပြုခဲ့ပေ။ သူမ လုပ်သမျှမှာ Long Feiye ၏ တစ်ဖက်တွင် ထိုင်ရန် နေရာပြောင်းလိုက်ရုံပင်။ Han Yunxi မှာ သူမ၏ ထိုင်ခုံဆီသို့ ပြန်မသွားပဲ တစ်ဖက်တွင် လက်ပိုက်ကာ မီထားရင်း အခြေအနေကို ကြည့်နေသည်။  Long Feiye မှာ သူမထံ စိုက်ကြည့်ရင်း အပြုံးကို ဖိနှိပ်ထားရလေသည်။ သူက ထိုကောင်မလေးထံ အာရုံမရှိပေ။ အကယ်၍ သူမကို ရည်ရွယ်ချက်ရှိရှိ ကျီစယ်ရန် ကြိုးစားခဲ့ခြင်း မရှိလျှင် သူမကို လုံးဝကြည့်မိမှာတောင် မဟုတ်ပေ။ ထိုအချိန်တွင် သခင်လေး သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်နေကြသည် ။

Xie Yujun မှာ စဥ်းစားနေသည်…  ကြည့်ရတာ ဒီအကွက်က လူကြီးမင်းယဲ့ ကိုယ်တိုင်ထက် သူ့ မိတ်ဆွေ အတွက် ပိုပြီး ဆွဲဆောင်မှုရှိပုံပေါ်တယ်။

တတိယသခင်လေးကျိုးမှာလည်း တွေးနေသည်။ တကယ်လို့ ငါတို့က လူကြီးမင်းယဲ့ကို မရနိုင်ဘူး ဆိုရင်တောင် လူကြီးမင်းဟန် ကို အနိုင်ရရင်လည်း မဆိုးဘူး။ တကယ်လို့ သူက လူကြီးမင်းယဲ့ နဲ့ စီးပွားရေးစကားပြောနိုင်ရင် သာမန်မဖြစ်နိုင်ဘူး။

နဝမ သခင်လေး မုရုံမှာလည်း စဥ်းစားလိုက်သည်။ လူကြီးမင်းဟန်က တကယ်ကို ဒီထဲမှာ နစ်သွားပြီ။ သူက အဲ့ဒီလောက်တောင် စိတ်မရှည်ဘူးလား။

သူတို့၏ လဲလှယ်မှုပြီးသွားလျှင်  နဝမသခင်လေးမုရုံမှ  ရယ်မောကာ ပြောလာသည်။ “လူကြီးမင်းဟန်၊ Wanwan က ကျင့်ဝတ်ကို မသိတဲ့အတွက် ကျေးဇူးပြုပြီး သူမကို အပြစ်မတင်ပါနဲ့။ မင်းကို တောင်းပန်တဲ့အနေနဲ့  ငါတို့က သူမကို သုံးခွက်သောက်ခိုင်းရင် ဘယ်လိုလဲ။"

Wanwan မှာ ဤညမလာရောက်မီ လူကြီးမင်းယဲ့၏နှလုံးသားကို အနိုင်ယူရန် ကြိမ်ဖန်များစွာ ညွှန်ကြားခံရထားသော်လည်း ထိုအမျိုးသားကို မြင်လျှင်မြင်ချင်း သူမ၏ဝိဥာဥ်မှာ ခိုးယူခံလိုက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ကျန်းနန်၏ နံပါတ်တစ် တေးသီချင်းသည် အနေဖြင့် သူမအား ထောက်ခံအားပေးသည့် မရေမတွက်နိုင်သော သူဌေးများစွာ ရှိသည်။ ချမ်းသာသော အမျိုးသမီးများမှာ သူမအား သီချင်းဆိုရန်အတွက် ရွှေချောင်းတစ်ထောင်နှင့် တစ်ညတာ ခေါ်ဆောင်ထားရန် သောင်းနှင့်ချီ၍ ကမ်းလှမ်းကြသည်။ သူမကို လက်ထပ်ရန် အတွက်ပင် မိသားစု၏ ကံကောင်းမှုကို စွန့်ပစ်မည် သူများပင် ရှိနေသည်။ သို့သော် သူမ၏ မြင့်မားသော နှလုံးသားကို လှုံ့ဆော်ပေးမည့်သူနှင့် မတွေ့ခဲ့ရသေးပေ။ သူမက ရှဲ့မျိုးနွယ်သားအပေါ် အကြွေးတင်နေခဲ့သောကြောင့် ယခုတစ်ကြိမ်လာရန် သဘောတူခဲ့သည်။ ထိုမတိုင်ခင် လူကြီးမင်းရှဲ့မှာ လူကြီးမင်းယဲ့၏ ဇစ်မြစ်ကို ပြောပြခဲ့ပြီး သူမသာ ထိုအမျိုးသားကို သဘောကျလျှင် သူ့၏ ကိုယ်လုပ်တော်ဖြစ်ရခြင်းမှာ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမ ထိုအမျိုးသား၏ နောက်ခံကြောင့် အံ့အားသင့်သွားသော်လည်း သူ့ကို လက်ထပ်ရန် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။ သူမ၏ အောက်ခြေစည်းမှာ သူ့ကို တစ်ညတာ အဖော်ပြုပေးရန်ပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now