အခန်း (၂) ကံဆိုးမသွားရာ မိုးလိုက်ရွာ

501 52 2
                                    

ကောင်းကင်ပေါ်မှ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ မှော်တန်းခိုးများက လေကို မုန်တိုင်းအဖြစ် ကောင်းကင်ကို မိုးကြိုးအဖြစ် ပြောင်းလဲ သွားစေသည်။

ရွှေရောင်နတ်သားက သူ့လက်များကို ဝှေ့ယမ်းတိုက်ခိုက်နေပြီး တိုက်ခိုက်မှု တစ်ခုတိုင်းက လေပြင်းများ တိုက်ခတ်နေသည့်နှင်ပင်။

လေပြင်းတစ်ခုစီတိုင်းက လေဆင်နှာမောင်းများသဖွယ် ဖြစ်နေပြီး ထန်ဂျီကို ရှေ့ဆက်မတိုးနိုင်အောင် တားထားလေသည်။

အခြားတစ်ဖက်တွင်မူ အဖြူရောင် လူရိပ်က လေပြင်းကြားတွင် ယိမ်းနွဲ့လှုပ်ရှားနေလေသည်။ သူ၏ ဓါးတစ်ချက်စီတိုင်းသည် ကောင်းကင်ကို ခွဲခြမ်းသွားပြီး မိုးကြိုးများ ပစ်ချသကဲ့သို့ပင်။ ဓါးချက်က မြေပြင်ကို ထိသွားတိုင်း ကြီးများသော အက်ကြောင်းများ ချန်ထားရစ်ခဲ့သည်။

ထန်ဂျီက တိုက်ခိုက်မှု အရှိန်များ သူ့ဆီမထိအောင် သတိထားနေရသည်။ သူက ဖိအားများကြားတွင် ရှေ့ဆက်တိုးနေလေသည်။ ကျောက်တုံးကြီးများကြားမှ လေပြင်းနှင့် မိုးကြိုးများ မထိအောင် ပုန်းကွယ်၍ တက်နေလေသည်။

ထိုအချိန်တွင် ကောင်းကင်မှ လျှပ်စီးတစ်ချက်လက်သွားသည်။ ထန်ဂျီက ကပျာကယာပင် ရှေ့သို့ ပြေးမှောက်လိုက်သည်။ သူ၏ အနောက်တွင် လျှပ်စီးထိသွားပြီး သူရပ်နေခဲ့သည် ကျောက်တုံးက အစိပ်စိပ် အမွှာမွှာကွဲသွားလေသည်။ ထန်ဂျီ အလွန်ပင်ထိတ်လန့်သွားသည်။ ထန်ဂျီက သွေးတလုတ် အန်လိုက်ပြီး ထရပ်ကာ သစ်ကိုင်းတစ်ခုကို ဆွဲ၍ ရှေ့သို့ ဆက်တက်လိုက်သည်။

သူအရှေ့သို့ တက်လေ ဖိအားများက ပိုပြင်းလေ ဖြစ်နေသည်။ သူတောင်၏ အလယ်ကို ရောက်သော အခါ လေပြင်းများက တောင်ဆင်းလမ်းအတိုင်း တိုက်ခတ်လာကာ ဓါးရောင် လျှပ်စီးများကလည်း မိုးပေါက်များကဲ့သို့ ကျဆင်းလာပြီး ကျောက်သားများကို သဲမှုန်များအဖြစ်သို့ ပြောင်းသွားစေသည်။ ထန်ဂျီက ရပ်လိုက်ရလေသည်။ သူ့တွင် ရွေးစရာ မရှိချေ။ ရှေ့တွင် ပုန်းခိုစရာ ဘာမျှ မရှိတော့ချေ။

သူဘယ်လိုမှ ဆက်တိုးလို့ မရတော့ဘူးလား။ ထန်ဂျီက ကူကယ်ယာမဲ့စွာ ကောင်းကင်ကို မော့ကြည့်၍ တွေးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now