အခန်း (၈၇) ဒေါသ (၂)

157 36 0
                                    

ခြောက်ပွဲတိုက်ပြီးနောက် သတ္တမမြောက် ပြိုက်ဘက်မှာမူ အနည်းသယ် ကွဲပြားသွားသည်။ တုံပြန်မှုနှင့် အလျင်မှာ အခြားသူများထက် သာလေသည်။ သို့သော် ထန်ဂျီက ထိုကျောင်းသား၏ တိုက်ခိုက်လိုစိတ်ကို လက်သီးဖြင့်သာ ချေဖျက်လိုက်သည်။

ထိုကျောင်းသားက ထွက်သွားချိန်တွင် ငိုပင် ငိုနေသည်။

"မင်းက ဘာလို့ ဒီလောက်တောင် အနိုင်ကျင့်တာလဲ။ မင်းက ငါ့ကို ဂါထာထုတ်ခွင့်လေးတောင် မပေးဘူး"

ထန်ဂျီက သူ့အား နှစ်သိမ့်လိုက်သည်။

"ငါက နတ်ဘုံလွှာဓါးကျမ်းက ထုမဲ့ရွှေခန္တာကို သုံးထားတာ။ မင်းရဲ့ အရှုံးက ဖြေသာပါတယ်"

ထိုကျောင်းသားက ထိုစကားကြောင့် စိတ်သက်သာရာ ရသွားသည်။

သူက ခုနှစ်ပွဲနိုင်ပြီးနောက် အခြားကျောင်းသားများက သူ့အား အာရုံစိုက်လာသည်။ ချွဲကျင်းတို့အဖွဲ့မှာ မျက်နှာ ပျက်လာလေသည်။

လီဟွေးဟိုင်က ပြောသည်။

"သူက ခုနှစ်ပွဲဆက်တိုက် တိုက်နေတာ။ ဒီကောင်က ငါတို့အဖွဲ့နဲ့ တွေ့ချင်တာ သိသာတယ်"

"ငါက သတိထားမိပြီးတာ ကြာပြီ။ သူက သူ့သခင်လေး သိက္ခာအတွက် လာခဲ့တာ" ချွဲကျင်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ဒါဆို သူက အများကြီး တိုက်ရအုံးမှာပေါ့" ဟန်ကျီ ယပ်တောင်ကို တစ်ဖျပ်ဖျပ် ခတ်ရင်း ပြောသည်။

"လက်ရှိမှာ တိုက်ပွဲကွင်းမှာ လူရာချီရှိတာ။ ငါတို့နဲ့ တိုက်ရဖို့ဆိုရင် အတော်လေး ကံကောင်းမှ ရမယ်။ ငါတို့နဲ့ မတိုက်ရခင်ကို သူက ပန်းပြီး သေလောက်တယ်"

သူက ထိုသို့ ပြောနေစဉ်ပင် အသံတစ်ခု ထွက်လာသည်။

"ကျောင်ဟန်.. ထန်ဂျီ"

"မဟုတ်သေးပါဘူး။ ဒီလောက် မြန်လား"

"ဒါက မေးဖို့တောင် လိုသေးလား။ သူက ကျိုးရှူရှင်းကို လာဒ်ထိုးတာနေမှာပေါ့။ အဲဒီလောဘသရဲက ထန်ဂျီပက်ဆံလည်း ယူတယ်။ ငါတို့ပက်ဆံလည်း ယူတယ်။ သူက တစ်ကယ့် ကောင်ပဲ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now