အခန်း (၁၆၆) လူသစ်တန်း တိုက်ပွဲ

93 7 0
                                    

ဘုန်းးးး

သစ်သားစများက လွင့်ပျံသွားချိန်တွင် သူတို့သုံးယောက်က ခြံထဲသို့ ခုန်ဝင်သွားကြသည်။

ခြံဝန်းထဲတွင် အစေခံများမှာ ဓါးများ တုတ်များ ကိုင်ကာ ပူပန်သော မျက်နှာထားများဖြင့် သူတို့က ဝင်ချတော့မည့် အတိုင်း တန်းစီနေသည်။ ရှေ့ဆုံးမှ လူမှာ သခင်လေးရှု အယောင်ဆောင်သည့် ကောင်မလေးပင်။ သူတို့က ယခုလို ဖြစ်မည်ကို မျှော်လင့်ထားသည့် အတိုင်းပင်။

ရှုရှီအန်းက ဘေးတွင် ရပ်နေသည်။ သူက ဝင်လာသည့် သုံးယောက်ကို ကြည့်ကာ သက်ပြင်းချသည်။

"နောက်ဆုံးတော့ မင်းတို့က ပြန်လာတာပဲ"

"ကျုပ်က ခင်ဗျားတို့က ပြေးဖို့ အချိန်ပေးခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတို့က ဒီတိုင်း တောင့်ခံဖို့ ရွေးခဲ့တာပဲ။ ဘယ်သူက ခင်ဗျားတို့ကို အဲ့ဒီ သတ္တိတွေ ပေးတာပဲ။ လင်းလန်က တိမ်စီးကျောင်းရဲ့ ဆဌမနှစ်ကျောင်းသား ပြီးတော့ ရှုမုကျွန်နဲ့ အစေခံ ကျောင်းသူ။ အဲ့ဒီလူလေးလောက်က ကျုပ်တို့ကို ခုခံဖို့ ဖြစ်နိုင်မယ် ထင်လို့လား"

"ထွီ" ရှုမုကျွန် အတုက တံတွေးထွေးသည်။

"ငါတို့က နင်တို့ကို ရင်ဆိုင်ဖို့ မလိုဘူး။ ငါတို့ မိသားစု သားမက် တစ်ယောက်တည်းနဲ့ လုံလောက်တယ်"

"သားမက်လား" ထန်ဂျီ၏ မျက်လုံးများက မှေးသွားသည်။

"မိုရှန်း တိတ်တိတ်နေ" ရှုရှီအန်းက ဝင်အော်သည်။

"သခင်လေးထန်က ဉာဏ်ကောင်းပါပေတယ်။ ကျုပ်အဖိုးကြီးက သခင်လေးကို မလိမ်နိုင်ဘူး။ ဒါပေမယ့် ကျုပ်တို့ ရှုအိမ်တော်က မသေမျိုးဂိုဏ်းကြီးကို ဆန့်ကျင်ဖို့ မရည်ရွယ်ပါဘူး။ ဒါက.. ဒါက အခြေအနေက ကျွန်တော်မျိုးတို့ကို တွန်းပို့လိုက်တာပါ။ သခင်လေးထန် ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ မိသားစုကို ချမ်းသာပေးလို့ ရမလား"

ရှုရှီအန်းက တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။

အဖိုးကြီးက ဟန်ပန်အမူအယာများ မရှိတော့ပဲ တုန်ယင်စွာဖြင့် တောင်းပန်သည်။ ထန်ဂျီက အနည်းငယ် စိတ်ယိုင်သွားသော်လည်း စိတ်ကို တင်းကာ ပြန်ပြောသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Onde histórias criam vida. Descubra agora