အခန်း (၃) ဒေါသအလျှောက် သတ်ဖြတ်ခြင်း

373 48 2
                                    


အော်သံနှင့်အတူ အဖြူရောင် လူရိပ်တစ်ခုက အဝေးတွင် ပေါ်လာလေသည်။ လျှင်မြန်စွာပင် ရွာရှိရာဆီသို့ ရောက်လာခဲ့သည်။ ထိုလူရိပ်ကား ထန်ဂျီမြင်ခဲ့သည့် အဖြူရောင်ဝတ် မသေမျိုးပင် ဖြစ်ကြောင်း သေချာလေသည်။ သူ၏ ထွက်ပေါ်လာမှုကား မျှော်လင့်မထားသည့် အရာပင်။

"မသေမျိုးဟ လူတိုင်း ပြေးကြတော့"

ဓါးပြ၏ အော်သံ အဆုံးမှာပင် အဖြူရောင် လူရိပ်က ရွာအဝင်လမ်းထိပ်ကို ရောက်လာခဲ့သည်။ ထို့နောက် ဓါးကို ဆွဲထုတ်လိုက်သည်။ 'ပြေးကြ' ဟု အသံမဆုံးမီပင် လူရိပ်ကား ထိုဓါးပြကို ကျော်သွားခဲ့ပြီဖြစ်သည်။ ဓါးရိပ်ကျဆင်းသွားချိန်တွင် ခေါင်းတစ်လုံးကား လွင့်ထွက်သွားပြီး သေးများကလေထဲတွင် ပျံ့လွင့်လျှက် ရှိသည်။

ဓါးပြခေါင်းဆောင်က အော်လိုက်သည်။ "မဟူရာသဲ အဖွဲ့က နမော်နမဲ့ နိုင်မိပါတယ်။ ဒီနေရာက မသေမျိုး သခင်တစ်ယောက် စောင့်ရှောက်နေတာမှန်း မသိခဲ့ရပါဘူး။ ကျွန်တော်တို့ ထွက်ခွာသွားပါ့မယ်။ မသေမျိုး အရှင် ကျေးဇူးပြုပြီး သက်ညှာပေးပါ"

မြက်ရိုင်းလွှင်ပြင် ဓါးပြများသည် အလွန်လူရည်လည်၍ ထက်မြက်ကြသည်။ သူတို့အနေဖြင့် နေရာတကာတွင် ပြဿနာရှာရဲသော်လည်း မသေမျိုးတစ်ဦး ရှိနေသည့် နေရာတွင်တော့ မဟုတ်ချေ။ သူတို့ကား မြစ်ငယ်ရွာကိုလေ့လာပြီးသားပင် ထိုရွာကား မည်သည့် မသေမျိုးနှင့်မှ အဆက်အစပ်မရှိ။ ထို့ကြောင့်ပင် ဓါးပြတိုက်ရဲခြင်းဖြစ်သည်။ သို့သော် သူတို့ကား မသေမျိုး တစ်ယောက်နှင့် တွေ့နေချေပြီ။

ထိုသူ၏ တန်ခိုး၊ အမြန်နှုန်းနှင့် လှုပ်ရှားပုံကား အနည်းဆုံး **ဒုက္ခလွန်မြောက်ခြင်း အဆင့် ရောက်နေပြီ ဖြစ်လောက်သည်။ ***သစ္စာအဆင့်ဆရာသခင် တပါးကား သေမျိုး ဒုက္ခများက လွတ်မြောက်နေလေပြီ။ ထို့အပြင် သူကား သတ်ဖြတ်ခြင်းတွင် ပြတ်သားပြီး ရက်စက်လေသည်။ ထိုလူကား သတ်ဖြတ်ခြင်းပညာကို ကျင့်ကြံသည့် ဓါးကျင့်ကြံသူ ဖြစ်ကြောင်း တစ်ဝက်သေချာလေသည်။ ဒါက လူအများဖြင့် အနိုင်ယူ၍ ရသော အခြေအနေမဟုတ်ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now