အခန်း (၁၆၁) ခြေရာခံ လိုက်ခြင်း

88 12 0
                                    

"ခြေရာခံ ပညာကို နှောင့်ယှက်တတ်တဲ့ မြေခွေးလား" ထန်ဂျီက လန့်ပင်သွားသည်။

ဝေထျန်းချောင်လိုက်ခဲ့သည်ကား တစ်ကယ်ကော မြေခွေး ဟုတ်ပါ့မလား။

"ငါတို့ ဘာလုပ်ကြမတုန်း" ရှီမန်က မေးသည်။

ထန်ဂျီက ပတ်လည်ကို လှည့်ကြည့်သည်။ ရုတ်တရက် သူက အနားရှိ သစ်ပင် တစ်ပင်နားသို့ သွားကာ သေချာကြည့်သည်။

"ဘာလုပ်နေတာတုန်း" ရှီမန်က မေးသည်။

"ငါတို့က ဂါထာ သုံးမရမှတော့ မျက်လုံးတွေ နားတွေ ဦးနှောက်တွေ သုံးရမှာပေါ့..." ထန်ဂျီက ပြောသည်။

"အရာရာတိုင်းမှာ ဂါထာကို အားမကိုးနဲ့။ ငါတို့က လူတွေ။ ငါတို့မှာ သာမန်နည်လမ်းတွေ တစ်ပုံကြီး သုံးလို့ ရပြီး တစ်ချို့က ဂါထာထက်တောင် အသုံးဝင်သေးတယ်"

ထိုသည်မှဦ သူ့စကား မဟုတ်ချေ။ သူက ကုန်ချန်ချင်း၏ စကားကို ပြန်ပြောခြင်းပင်။

ကုချန်ချင်းက ပြေးစဉ်လွှားစဉ်က သူသုံးသည့် ပညာရပ်များကို ထန်ဂျီအား ခရီးသွားဟန်လွှဲ သင်ပေးခဲ့သည်။

ကုချန်ချင်း၏ နည်းလမ်းများမှာ ရိုးရှင်းကာ အသုံးဝင်လေသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများမှာ ဂါထာများကို အသုံးများကာ ဂါထာများကို သုံး၍ ခြေရာဖျောက်တတ်သည်။ သို့သော် ခြေရာလက်ရာကတော့ ကျန်သည်သာ။

သူက သစ်ပင်ကို ကြည့်ကာ အပွေးကို ပွတ်ကြည့်သည်။

"ဒီသစ်ခေါက်က ပွန်းနောတာ မကြာသေးဘူး။ ကြိုးနဲ့ တုပ်ခံထားရတဲ့ ပုံပဲ.. ဟိုနားက.."

ထန်ဂျီက အနားရှိ တစ်ခြား သစ်ပင်ကို သွားကြည့်ပြန်သည်။ "ဒီမှာကောပဲ"

"အဲ့ဒီတော့" ရှီမန်က သဘောမပေါက်ချေ။

ထန်ဂျီက တွင်းနားသွား၍ ကြည့်ကာ သစ်ပင်နှင့် တွင်း၏ အကွာအဝေးကို တိုင်းလေသည်။ သူက သူ၏ ရွှေလုံး (ရွှေမှုန်) ကို ပစ်လိုက်ရာ ရွှေလုံးက ရွှေနန်းကြိုးအဖြစ် ပြောင်းသွားပြီး သစ်ပင်ကို နှစ်ပတ် ပတ်သွားသည်။

ရှီမန်က ထန်ဂျီ၏ ရွှေနန်းမျှင်ကို ခုမှ ပထမဆုံး မြင်ဖူးခြင်းပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tahanan ng mga kuwento. Tumuklas ngayon