အခန်း (၃၂) ဂိုဏ်းရွေးခြင်း (၁)

213 37 0
                                    

မဟာ စိတ်တစ္ဆေကျန်ဆိုခြင်းမှာ အစေခံကျောင်းသား ဖြစ်လာမည့် အစေခံတိုင်းက ကျိန်းဆိုရလေသည်။ မိသားစုများအနေဖြင့် သူတို့၏ သစ္စာရှိပါမည် ဆိုသည့် စကားလောက်ကို မယုံချေ။ ထို့ကြောင့် ကျိန်စာဆိုခြင်းက ကတိထက်ပို၍ အာမခံချက်ရှိလေသည်။

စိတ်တစ္ဆေကျိန်ဆိုရာတွင် တိုင်တည်သော ဆန္ဒသုံးမျိုး ရှိလေသည်။ မဟာဆန္ဒ (ကြီး)၊ စူဠဆန္ဒ (ငယ်) နှင့် နတ္ထိဆန္ဒ (မရှိ) ဟူ၍ ဖြစ်သည်။ ထန်ဂျီ၏ နတ်ခေါင်းနန်းတော်ကို ဖျက်ဆီးရန် ကျိန်ဆိုမှုသည် မဟာဆန္ဒဖြစ်သည်။ ရှုမုယန်၏ ထန်ဂျီအား ကံကြွေးပြန်ဆပ်ရန် ကျိုးစားမှုသည် ဆန္ဒဟု ပြောရန်ပင် ခက်သည့် နတ္ထိဆန္ဒမျိုး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုတော့ ထိုသည်က သေးသေးမွှားမွှားဖြစ်၍ စိတ်တစ္ဆေဖြစ်ပေါ်လာမည်ဟု မသေချာချေ။

နတ္ထိဆန္ဒဆိုသည်မှာ ကုန်စုံဆိုင် ဖွင့်သည်နှင့် တူပြီး ဈေးရောင်းနေရသ၍ ဝယ်သူတစ်ယောက် နှစ်ယောက်မှာ စီးပွားရေးကို မထိခိုက်ချေ။ စူဠဆန္ဒဆိုသည်မှာ လုပ်ငန်းတစ်ခုကို စာချုပ်စာတန်းနှင့် ဝယ်ယူသည်နှင့် တူလေသည်။ စာချုပ်တွင် စည်းမျဉ်းများရှိပြီး စည်းမျဉ်းတိုင်းက အရမ်း အရေးမကြီးသော်လည်း ဖောက်ဖျက်ပါက အကျိုးဆက်များ ရှိမည် ဖြစ်သည်။ မဟာဆန္ဒဆိုသည်မှာ လုပ်ငန်းရပ်တည်ရေးအတွက် အဓိကကျသော မိတ်ဖက်များနှင့် လုပ်ထားရသော လုပ်ငန်းစာချုပ်များနှင့် တူသည်။ စာချုပ်ဖောက်ဖျက်မိပါက ကြီးမားသေား အကျိုးဆက်များ ဖြစ်လာပြီး လုပ်ငန်း ရပ်ဆိုင်းသည်အထိ ဖြစ်နိုင်သည်။

(ကျင့်ကြံသူတွေက စိတ်တစ္ဆေတိုင်တည် ကျိန်ဆိုတာဆိုတာ ဆန္ဒ (တစ်နည်းအားဖြင့်) ရည်မှန်းတောင့်တချက်ကို တိုင်တည်ကျိန်ဆိုတာ။ ဘာလုပ်ပါမယ် ညာလုပ်ပါမယ် ဆိုတာကို သူတို့ရဲ့ မူလစိတ်နဲ့ တိုင်တည် ကျိန်ဆိုတာ။ မလုပ်ဖြစ်ရင် ကျင့်ကြံရာမှာ စိတ်တစ္ဆေပေါ်လာပြီး ဒုက္ခပေးတယ်။ နောက်တစ်ခုက သူလုပ်လိုက်တဲ့ လုပ်ရပ်ဟာ သူ့ရဲ့ မူလစိတ်နဲ့ ဆန့်ကျင်ရင်လည်း စိတ်တစ္ဆေ ပေါ်လာတတ်တယ်။ **စိတ်တစ္ဆေကျိန်ဆိုခြင်း/ဆန္ဒတိုင်တည် ကျိန်ဆိုခြင်းလို့ ခေါ်ကြတယ်)

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now