အခန်း (၈၁) တံခါးပိတ်ကျင့်ကြံခြင်း

176 34 1
                                    

ရှီဖုန်းထန်က သူ့နားကိုပင် သူမယုံနိုင်ချေ။ သူက ထန်ဂျီကို စိုက်ကြည့်နေသည်။

"မင်းပြောတာ မင်းက ပညာရပ် သုံးခုကို မှတ်နိုင်ခဲ့တယ်ပေါ"

"အတိအကျ ဆိုရရင် သုံးခုနဲ့ တစ်ဝက်ပေါ့" ထန်ဂျီက ပြောလိုက်သည်။

သူက ဂါထာပညာ သုံးခုနှင့် တစ်ဝက် မှတ်နိုင်ကြောင်း ပြော၍ အခြားလူများကို ထိတ်လန့်သွားစေမည်ကို မစိုးရိမ်ချေ။ ထိုသို့ လုပ်ရခြင်းမှာ သူတတ်ထားခဲ့သော ပညာများကို သူက တဖြည်းဖြည်း ထုတ်သုံးရမည် ဖြစ်၍ ဖြစ်သည်။ သူက တစ်ခုတည်းသာ တတ်သည်ပြောလျှင် သူက အနာဂတ်တွင် တစ်ခုသာ သုံး၍ ရမည် ဖြစ်သည်။ အကယ်၍ သူက ဒုတိယတစ်ခုကို သုံးပါက ရှင်းပြရ ခက်ချေမည်။ ထိုကြောင့် သူက သူ့ကိုယ်သူ ပါရမီရှင်လို့ သူများထင်အောင် လုပ်ရမည် ဖြစ်သည်။ သူ၏ မှတ်ဉာဏ် အလွန်ကောင်းသည်။

အခြားလူများ နဂါးတံခါး ကိုးလွှာ ရှိချိန်တွင် သူ့အနေဖြင့် ကောင်းသော မှတ်ဉာဏ် ရှိသည်မှာ ဖြစ်နိုင်လေသည်။ သူက သုံးခုနှစ် တစ်ဝက်လို့ ပြောသည်မှာ နောက်ဆယ်နှစ်အတွင်း သူလုပ်နိုင်မည်ကို မှန်း၍ ပြောခြင်း ဖြစ်သည်။

နတ်ဘုံလွှာဓါးကျမ်းမှ ပညာများမှာ အောက်အထပ်များရှိ ဂါထာပညာရပ်များနှင့် မတူချေ။ တစ်ခု စီတိုင်းသည် အလွန် နက်နဲ ကျယ်ပြန့်၍ ပညာရပ်တိုင်းကို လက်ရှိအဆင့်မှစ၍ ဒေဝဟဒယနှင့် ခရမ်းနန်းတော်အဆင့် ရောက်သည်အထိ သုံးစွဲနိုင်လေသည်။ ထို့ကြောင့်ပင် ကျင့်ကြံရလည်း ခက်လေသည်။

ထိုပညာရပ်များမှာ အဏ္ဏဝါအလင်းကာကဲ့သို့ သာမာန် ဂါထာများ မဟုတ်ချေ။ ပညာရပ်တိုင်းတွင် ကျင့်စဉ် တစ်ခုစီရှိ၍ ထိုကျင့်စဉ်ကို ပြီးပြည့်စုံအောင် ကျင့်နိုင်မှသာ ပြည့်ဝစွာ ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် သူက ပညာရပ် သုံးခုကို ဆယ်နှစ်အတွင်းဟု မှန်းခြင်းပင်။ သူက သုံးခုနှင့် တစ်ဝက်ဟု ပြောခြင်းမှာ အကယ်၍ သူက မှန်းသည်ထက် ပိုမြန်ပါက ဆင်ခြေပေးစရာ ရှိအောင်ပင်။ သူက ကျွန်တော် နောက်ဆုံးတော့ အဲ့ဒီ ပညာကို ပြန်မှတ်မိလာပြီဟု ပြောရုံသာ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now