အခန်း (၁၁၅) ကျောင်းတော်မှ ထွက်ခွာခြင်း

144 22 0
                                    

မွေးနေ့ပွဲနေ့က ရောက်လာခဲ့ချေပြီ။

မနက်ပိုင်းတွင် ထန်ဂျီက လေ့ကျင့်နေစဉ်ပင် လူတစ်ယောက်က တံခါး လာခေါက်လေသည်။ သူက ဖွင့်ကြည့်လိုက်ရာ လင်တုန်းရှန်ကို တွေ့လေသည်။

လင်တုန်းရှန်မှာ ပိန်ပိန်ပါးပါး ဖြစ်ပြီး ကြောက်တတ်သော ပုံမျိုးပင်။ သူက မျက်လုံးကစားတတ်ပြီး မျောက်လိုပင်။ ထန်ဂျီအား တွေ့သည့်နှင့် သူက ပြုံး၍ ပြောသည်။

"ညီအစ်ကိုထန် အဆင့်သင့် ဖြစ်ပြီလား။ လူတိုင်းက တောင်ခြေမှာ စောင့်နေကြပြီ။"

"ဟင် မွေးနေ့ပွဲက ညမှ မဟုတ်ဘူးလား။ ဘာလို့ အစောကြီး သွားတာလဲ" ထန်ဂျီက မေးလိုက်သည်။

"ညီအစ်ကိုထန်က မှားနေပြီ။ စောစောထွက်တော့ စောစော ရောက်ပြီး လျှောက်လည်လို့ ရတာပေါ့။ ငါတို့က ကျောင်းက ထွက်ခဲတော့ ထွက်တုန်းလေး မြို့ထဲ လျှောက်သွားဖို့လေ။ ညရောက်တော့မှ ငါ့အဘိုး မွေးနေ့ကို သွားမယ်လေ"

"ဒါလဲ ကောင်းတာပဲ။ ခဏစောင့်အုံး"

သူက အခန်းသို့ ပြန်လာ၍ ကိုယ်လက်သန့်စင်ကာ အဝတ်လဲလိုက်သည်။ သူက ပြန်ထွက်လာချိန်တွင် လင်တုန်းရှန်က ထန်ဂျီသည် အဝတ်အစားမှလွဲ၍ ဘာမျှ ယူမလာသည်ကို သတိထားမိသည်။ သူက လက်ထဲတွင် သေတ္တာတစ်လုံးသာ ကိုင်လာလေသည်။

"ထန်ဂျီ ဘာလို့ ဘာပစ္စည်းမှ မယူတာလဲ။ မင်းရဲဓါးတောင် မယူတော့ဘူးလား" သူက မနေနိုင်ပဲ မေးလိုက်သည်။

"ငါတို့က သူများနဲ့ သွားတိုက်မှာမှ မဟုတ်တာ ဘာလို့ ဓါးယူမှာတုန်း" ထန်ဂျီက ရယ်၍ ပြောသည်။

"မင်းက နည်းနည်းပါးပါး သိုင်းကစားပြရင် ကစားပြရမှာပေါ့"

"ငါက ကြိုက်တဲ့ ဓါးယူပြီး ပြလို့ရတာပဲလေ။ လာပါ။ စာပို့တဲ့ဆီ သွားရအောင် အရင်။ ငါက တစ်ခုခု ပို့စရာ ရှိတယ်"

"မင်းမွေးစားမိဘတွေ အတွက်လား" လင်တုန်းရှန်က မေးလိုက်သည်။

"မဟုတ်ဘူး။ သခင်မဝေဖို့။ သခင်လေးက ခိုင်းလို့။ ငါက အစေခံလေ သိတယ်မလား" ထန်ဂျီက ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Hikayelerin yaşadığı yer. Şimdi keşfedin