အခန်း (၈၅) နတ်သတ်ဖြတ် ခန်းမ

180 36 0
                                    

ယခုတွင် ထန်ဂျီက ပြဿနာ မည်သည့်နေရာတွင် ရှိသည်ကို သိလိုက်ချေပြီ။ သူက သိုင်းသခင်၏ ပညာကို ပြန်၍ ယုံကြည်မှု ရှိလာသည်။ သူက အခြားလုပ်စရာ မရှိသဖြင့် အခြားခန်းမများသို့ သွားရန် ပြင်လိုက်သည်။

နတ်လျပ်တပြက် ခန်းမကို ဝင်လိုက်သည်နှင့် နှံကောင်များက သူ့ဆီပြေးဝင်လာသည်။ ကျောင်းသားများက ထိုခန်းမတွင် မည်သည့် ကာကွယ်ခုခံ ပညာမှ သုံးမရချေ။ သူတို့က လှုပ်ရှားမှု ပညာများကို သုံး၍ ရှောင်တိမ်းရမည် ဖြစ်သည်။ ထိုနှံကောင်းများက ဝင်တိုက်ချိန်တွင် နာကျင်မည် မဟုတ်ချေ။ သို့သော် အမှတ်များ ချန်ထားခဲ့မည် ဖြစ်ပြီး ကျောက်စိမ်းပြားက မှတ်တမ်း တင်ထားမည်ဖြစ်သည်။ အချိန်စေ့ပါက ရမှတ်ကို နှံကောင် အရည်အတွက် ဝင်တိုက်သည့် အမှတ်ရာများပေါ် မူတည်၍ တွက်ချက်သည်။

ထန်ဂျီက ခရမ်းလျပ်စီး ပညာကို သေချာ မကျွမ်းသေးသဖြင့် သူဝင်လိုက်သည်နှင့် သဲအိတ်ပမာ ဖြစ်သွားကာ ကျောက်စိမ်းပြားက တဖြတ်ဖြတ် အဆက်မပြတ် တောက်ပနေသည်။ သူက အမှတ်မှာ အတော်ဆိုးရွားလေသည်။

နတ်ပုလဲ ခန်းမကို ဝင်လိုက်သည်နှင့် သူက တိုက်ပွဲတစ်ခု အလယ်တွင် ရောက်နေကြောင်း သိလိုက်ရသည်။ သူ့ရှေ့တွင် စစ်သားများကညာသံပေး၍ တက်လာပြီး သူ့နောက်တွင် သူ့ဘက်မှ စစ်သားများ ရှိသည်။ စစ်သားများမှာ မြင်ကွင်း တစ်ဆုံး ရှိနေကာ တစ်ဖွဲ့သေပါက နောက်တစ်ဖွဲ့ တက်လာသည်။ ထန်ဂျီက ခြေကုန်လက်ပန်း ကျသည်အထိ တိုက်ခိုက်လိုက်ရပြီး ခြေလက်များပင် မသယ်နိုင်တော့ချေ။ ထို့နောက်မှသာ ထိုတိုက်ပွဲသည် ပညာရပ်များ လူများ အားလုံးသည် အတုအယောင်များ ဖြစ်ပြီး မပြီးမဆုံး တိုက်နိုင်သည့် အင်အားကသာ သူ့အား ထိန်းထားနိုင်မည်ကို သဘောပေါက်လေသည်။

ထို့နောက် သူက ခဏနားကာ နတ်မျိုးပြောင်း ခန်းမကို သွားလေသည်။ သူက မဝင်ခင် ပုံရိပ်ယောင် အဆောင် တစ်ချို့ ယူခွင့်ရှိကာ ထိုအဆောင်များက ကျောင်းသား မတတ်မြောက်သည့် ပညာရပ်များ နေရာတွင် အစားထိုး သုံးနိုင်လေသည်။

သူဝင်လိုက်သည်နှင့် သူတို့က ပုံရိပ်ယောင် ချီသခင်တစ်ယောက်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ ဂါထာ ပညာအမျိုးမျိုးဖြင့် တိုက်ခိုက်ရပြီး ကျောင်းသား၏ လက်ရှိအခြေအနေဖြင့် မခုခံနိုင်သည်များပင် ပါဝင်သည်။ သူတို့က လက်ထဲရှိ အဆောင်ဖြင့်သာ တိုက်ခိုက်နိုင်သည်။ သူတို့၏ အဆောင်များ မကုန်ခင် ပြိုင်ဘက်ကို အလဲထိုး သို့မဟုတ် ကြာကြာ နေနိုင်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now