အခန်း (၆၃) ပစ္စည်းများ ဝယ်ခြင်း

193 30 0
                                    

"ဘာ... မင်းပြောတာက သူခိုးက မင်းအိမ်ကိုဝင်တယ်။ ပြီးတော့ ကျောင်းအုပ် ဆရာ ရှီဖုန်းထန်က မင်းကို ချီဆေး ဆယ်ပုလင်းနဲ့ ချီဒင်္ဂါးတစ်ထောင်ကို မင်းကြောက်သွားတဲ့အတွက် လျော်ကြေးပေးတယ်" ဝေထျန်းချောင်က ပါးစပ် အဟောင်းသား ဖြစ်နေသည်။

"အင်း.. ကျွန်တော်လည်း ကျောင်းအုပ်ဆရာကြီး ရှီက ဒီလို လူကောင်း ဖြစ်ပြီးတော့ ကျောင်းသားတွေကို ဂရုစိုက်မယ် ထင်မထားဘူး။ ကျွန်တော်က တစ်ကယ် ကံကောင်းတာ" ထန်ဂျီက ပြောသည်။

"ဟေးး.. ဘာလို့ သူခိုးက မင်းအိမ်ကိုပဲ ဝင်ရတာလဲ" ဝေထျန်းချောင်က မနာလိုစွာ ပြောသည်။

ချီဆေးပုလင်းဆယ်ပုလင်းနှင့် ချီဒင်္ဂါးတစ်ထောင်ဆိုသည်မှာ ဝေမိသားစုပင် တစ်ထိုင်တည်း မပေးနိုင်ချေ။

"သခင်လေးအိမ်မှာကျ ဘာများ ခိုးစရာ ရှိလို့လဲ" ထန်ဂျီက ပြန်ပြောသည်။

"မင်းအိမ်မှာကျတော့ ခိုးစရာ တစ်ခုခု ရှိတယ်ပေါ့လေ။"

"အနည်းဆုံးတော့ ကျွန်တော့်အိမ်မှာ အပင်တွေ ရှိသေးတယ်"

"ငတုံးတွေပဲ အပင်တွေကို ခိုးမှာ" ဝေထျန်းချောင်က အတော်လေး မချိတင်ကဲ ဖြစ်နေသည်။

"စကားကို သတိထားပြော။ သခင်းလေး စကားက တစ်ချို့လူတွေကို ရန်စသလို ဖြစ်သွားမှာ" ထန်ဂျီက ပြောလိုက်သည်။ သူက ချီဒင်္ဂါးအနည်းငယ်ကို ထုတ်၍ ဝေထျန်းချောင်ကို ပေးလိုက်သည်။ ဝေထျန်းချောင်က မျက်လုံးများ တောက်ပသွားသည်။

"မင်းက ငါ့ကို နည်းနည်း မျှပေးမလို့လား"

"မဟုတ်ပါဘူး။ ဒါက အကြွေးဆပ်တာ" ထန်ဂျီက ပြောသည်။

ဝေထျန်းချောင်၏ မျက်နှာက ပြန်တည်သွားသည်။ သူက နှာခေါင်းရှုံ့ကာ ဒင်္ဂါးများကို ရေကြည့်လိုက်သည်။ အနည်းငယ်ပိုနေသည်ကို တွေ့သဖြင့် သူက ခေါင်းညိတ်လိုက်သည်။

"မင်းက သိတော့ သိတတ်သားပဲ"

"သခင်လေး။ သခင်လေးက သခင်လေးလေ။ သခင်လေးက ချမ်းသာပြီးသား။ ပိုက်ဆံနည်းနည်းပိုရတာကို ပျော်နေတာလား" ထန်ဂျီက ငိုရမလား ရယ်ရမလား မသိချေ။"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Место, где живут истории. Откройте их для себя