အခန်း (၁၆) လင်းစီရင်စု

231 32 0
                                    


လင်းစီရင်စု၊ ကန်းလုံ ခရိုင်။

သူတော်စင်ပြည်တွင် စီရင်စု (၁၂)ခုရှိပြီး နေရာ အနေအထားရဆိုလျှင် လင်းစီရင်စုက နံပါတ်လေး အဆင့်ရှိလေသည်။ ချီစွမ်းအင် သိပ်သည်းမှုအရဆိုလျှင် လင်းစီရင်စုသည် နံပါတ် တစ်ဆယ် နေရာတွင် ရှိသည်။

ထိုစီရင်စုသည် သူတော်စင်ပြည်၏ တောင်ဘက်တွင်ရှိ၍ ချောင်စီရင်စုကဲ့သို့ပင် အရှေ့ဖျားအရပ် ဖြစ်လေသည်။ ပထဝီ အနေအထားရဆိုလျှင် ထိုဒေသသည် အရေးကြီးသည့် ဒေသတစ်ခုဖြစ်သည် အဆုံးမဲ့အငူအနီးရှိ တိမ်ကျွန်းနှင့် နီးလေသည်။

အဆုံးမဲ့အငူမှနေ၍ ကမ်းတစ်လျှာက် ရွက်လွှင့်သွားလျှင် နိတ္တိပင်လယ် တိုင်းပြည် ရှိရာကို ရက် သုံးဆယ်အတွင်း ရောက်လေသည်။

နိတ္တိပင်လယ်နှင့် သူတော်စင်ပြည်တို့မှာ ကုန်းမြေမဆက်စပ်ချေ။ ပင်လယ်ရေလမ်းကြောင်း ဖြင့်သာ သွားရလေသည်။ ပင်လယ်ရေလမ်းကြောင်း ဖွံ့ဖြိုးသဖြင့် လင်းစီရင်စုသည် ရေကြောင်းကုန်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးအရ တိုင်းပြည်အတွင်းတွင် အကောင်းဆုံး စီရင်စု ဖြစ်လေသည်။ ထို့ကြောင့် လင်းစီရင်စု ချီစွမ်းအင် သိပ်သည်းမှု နည်းပါးသော်လည်း စီးပွားရေးအရမူ လျှော့တွက်၍ မရချေ။ ကန်းလုံခရိုင်သည်ကား စီရင်စုရုံးချုပ် တည်ရှိရာ နေရာြဖစ်ပြီး စီရင်စု တစ်ခုလုံးတွင် အစည်ကားဆုံး နေရာ တစ်ခု ဖြစ်သည်။ ထိုခရိုင်အတွင်း သူတော်စင်တိုင်းပြည်၏ အကြီးဆုံး သင်္ဘောများ တည်ရှိရာ နေရာ ဖြစ်ပြီး အဆင့်အတန်းမြင့်သော တည်းခိုအိမ်များ၊ စားသောက်ဆိုင်များနှင့် လှပသော အမျိုးသမီးများ ရှိလေသည်။

.......

ကောင်လေးတစ်ယောက်သည် ရိပ်သာလမ်းများအတိုင်း ယုံကြည်မှုရှိစွာဖြင့် လျှောက်လှမ်းလာလေသည်။ ထိုကောင်လေးကား ထန်ဂျီဖြစ်သည်။

သူက ရှုမုယန်ပြောသည့် မြောက်ဘက်သို့ သွားခိုင်းသည့် စကားကို နားမထောင်ခဲ့ချေ။ ထိုအစား သူက အန်းယန်ခရိုင်နယ်မြေမှ လွန်သည်နှင့် တောင်ဘက်သို့ ဦးတည်၍ လာခဲ့လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now