အခန်း (၉၃) ကျားဟိန်းသံ တောင်ကြား (၁)

163 28 0
                                    

ကျားဟိန်းသံတောင်ကြားသည် ကောင်းကင်ရှင်းတောင်တန်း၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ ထွန်းတောက်ကြယ် တောင်ထပ်မှ ဆင်းသွားပြီး တောင်ပတ်လမ်းအတိုင်း ထန်ဂျီက လာခဲ့သည်။ သူက တောင်တစ်လုံးမှ ပတ်အထွက်လာတွင် သူ့ရှေ့တွင် ရွာတစ်ရွာကို တွေ့လိုက်ရလေသည်။

ထိုသည်က ရွာငယ်လေး တစ်ရွာဖြစ်ကာ အိမ်ထောင်စု ဒါဇင်အနည်းငယ်သာ ရှိသည်။ သို့သော် အတော်လေး စည်ကားသော ရွာဖြစ်သည်။ အမျိုးသား အချို့က ကျွဲရိုင်း တစ်ကောင်ကို ဝိုင်းဖမ်းနေကြသည်။ တစ်ယောက်ဓါးအတန်ငယ်ရှည်သော ဓါးမြှောင်တစ်လက်နှင့် ကျွဲရိုင်းကို ထိုးလိုက်သည်။ ထို့နောက် သူက ဒင်္ဂါးအချို့ကို ထုတ်၍ အနားတွင် ရပ်နေသော ကျောင်းသားတစ်ယောက်ကို ပေးလိုက်လေသည်။ ထိုကျောင်းသားက ပိုက်ဆံကို ကြည့်ကာ 'ဒါလောက်ပဲလား'ဟု ရေရွတ်လိုက်ပြီး ခေါင်းယမ်းကာ ထွက်သွားလေသည်။

အဖွားကြီး တစ်ချို့က တောင်စောင်းတွင် ဆေးပင်များ လှမ်းနေကာ အချို့က ကျောင်းသားများကို ပိုက်ဆံပေးနေသည်။

အဝေးတွင်မူ သူက သံလှောင်အိမ်တစ်ချို့ကို တွေ့လေသည်။ သားရဲအမျိုးမျိုးက ထိုလှောင်အိမ်များထဲတွင် ရှိနေသည်။ ထိုကျေးရွာက ကျားဟိန်းသံ ကျေးရွာပင်။

ကျားဟိန်းသံကျေးရွာမှာ ကျောင်းတော်ထဲရှိ အထူးနေရာ တစ်ခု ဖြစ်သည်။ ထိုရွာသားများမှာ တောင်ကြားသို့လာသော ကျောင်းသားများနှင့် ရောင်းဝယ်ခြင်းဖြင့် အသက်မွေးလေသည်။

တောင်ကြားမှ ထွက်လာသော ကျောင်းသားက သူရလာသည်များကို ပြန်သယ်မသွားလိုပါက ရွာတွင် ရောင်းချနိုင်လေသည်။ ရွာသားများက ထိုအရာများကို နေရာတွင်ပင် ကိုင်တွယ်ခွဲခြမ်းခြင်းများ လုပ်ကာ အဆင့်သင့် အနေသို့ ရောက်လျှင် ကျောင်းတော်သို့ ပြန်ရောင်းချသည်။ တစ်ခါတစ်ရံတွင် တောင်ကြားထဲ၌ သားကောင်နည်းသွားပါက သူတို့က အပြင်မှ သားကောင်များကို ဝိုင်းဖမ်းပေးသည်။

ရွာ၏ နောက်တွင် တောင်ကြား ရှိလေသည်။ ဆရာတစ်ယောက်က တောင်ကြားရှေ့တွင် ထိုင်နေပြီး သူက ဝင်ကြေးကောက်သည်။ ဆရာ၏ နောက်တွင် သင်ပုန်း တစ်ခုဖြင့် တောင်ကြားတွင် လိုက်နာရမည် စည်းကမ်းများကို ရေးထားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Donde viven las historias. Descúbrelo ahora