အခန်း (၁၃၁) မခွဲကြေး

162 29 0
                                    

ဘုန်း

ခေါင်းပြတ်က ပြုတ်ကျသွားပြီး မြေပေါ်တွင် လိမ့်ကာ ထန်ဂျီနား ရောက်လာလေသည်။ မျက်လုံးများက ပွင့်နေဆဲ ဖြစ်ပြီး ထန်ဂျီကို စိုက်ကြည့်နေသည်။ ပါးစပ်များက ဟစိဟစိ ဖြစ်နေပြီး တစ်ခုခု ပြောချင်ပုံပင်။

ထန်ဂျီက သူ့ကိုယ်တွင် စိုက်ဝင်နေသော လက်သည်းကို ဖယ်လိုက်ရင်း ပြောသည်။

"လက်နက်မန္တာန်က သိုင်းသခင်ရဲ့ လျှို့ဝှက်ပညာ တစ်ခုပဲ။ အဲ့ဒါက လက်နက်တွေကို ဖျက်ဆီးပြီး လက်နက် ဖန်တီး နိုင်တယ်။ အဲ့ဒီလက်နက်က ပုံစံအမျိုးမျိုး ပြောင်းနိုင်ပြီး ဖျက်ဆီးလို့ မရဘူး"

ထိုစကားများ ကြားပြီးနောက်တွင် ကုချန်ချင်း၏ မျက်လုံးများက ဖြေးညှင်းစွာ ပိတ်သွားလေသည်။

ဝူးးးးး

ထန်ဂျီက သက်ပြင်းရှည်ကြီး မှုတ်ထုတ်ရင်း မြေပေါ်လှဲချလိုက်သည်။

သူက နောက်ဆုံးတွင် နိုင်ခဲ့ချေပြီ။ သို့သော် အတော်လေး အသက်ဘေး နီးခဲ့သည်။

သူက သူ့ခေါင်းအောက်တွင် ခေါင်းအုံးလို ပျော့စိစိ အရာတစ်ခုကို ဖိမိလိုက်သည်။

ထို့နောက် သူက ယိယိ၏ ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။

"နင်က ငါ့ကို ဖိနေပြီ။ နင့်ကို မုန်းတယ်။ မုန်းတယ်"

ထန်ဂျီက ရယ်ရင်း ခေါင်းကို ထူလိုက်သည်။ ယိယိက ခေါင်းအောက်က ကုပ်ဖက် ထွက်လာသည်။ သူမ၏ မျက်နှာလေးက ဖြူဖျော့နေသည်။

သူမအနေဖြင့် တိုက်ပွဲထဲတွင် မတိုက်ခဲ့ရသော်လည်း ရှိသမျှ ချီစွမ်းအင်အားလုံးကို ထန်ဂျီအား လွှဲပေးရသဖြင့် အားကုန်လုလု ဖြစ်နေသည်။ သူမက ထန်ဂျီ၏ ရင်ဘတ်ပေါ်တွင် လှဲရင်း အားနည်းသော အသံဖြင့် ပြောသည်။

"အစ်ကိုကြီး... လူဆိုးတွေ သေကုန်ပြီလား"

"အင်းးး သေပြီ" ထန်ဂျီက ဖြေသည်။

"အကုန်လုံး သေတာလား"

"အကုန်လုံး သေတာ"

"ကောင်းတယ်" ယိယိက ရေရွတ်လိုက်သည်။ ထို့နောက် သူမက ထန်ဂျီပေါ်တွင် အိပ်ပျော်သွားတော့သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now