အခန်း (၁၇၆) လရောင်လှုံ ဥပဒေ ရင်ထိုးတံဆိပ်

97 16 0
                                    


လျူဟုန်ယန်၏ ကိုယ်ပတ်လည်တွင် လျှပ်စီးများက တဖျစ်ဖျစ် မြည်နေသည်။

"လရောင်လှုံကျောင်းသား ချန်နိုင်ရှင်းနဲ့ ချန်နိုင်အန်း.. သင်တို့သည် ကျောင်းသားအချင်းချင်း လုယက်ခြင်း၊ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း၊ ရဲဘော်ရဲဘက်များကို သစ္စာဖောက်ခြင်းနှင့် အတန်းဖော်များကို လိမ်လှည်ခြင်း ပြစ်မှုများကို ကျူးလွန်ခဲ့သည်။ ထိုပြစ်မှုများအတွက် ဆေးကြောပိုင်ခွင့် မရှိချေ။ ဥပဒေအရ သင်တို့အား ကွပ်မြက်မိန့် ပြုသည်။ ဥပဒေခန်းမ တပည့် လျူဟုန်ယန်က ပါးကွက်သားအဖြစ် ဆောင်ရွက်၍ အပြစ်ဒဏ်ကို ချမှတ်မည်။ ဥပဒေခန်းမ ရတနာ သုံးခု ထွက်ပေါ်စေ"

သူမက ထိုသို့ ပြောလိုက်ချိန်တွင် ဥပဒေရင်ထိုးတံဆိမ်က အလင်းများ တောက်ပလာပြီး အရပ်သုံးခုက လေထဲတွင် ထွက်ပေါ်လာသည်။

ဓါးမောက် တစ်ချောင်း၊ ဓါးတစ်ချောင်းနှင့် ချိတ်ကောက် တစ်ခုတို့ ဖြစ်သည်။

မိစ္စာအပြစ်ပေး ဓါးမော့

မကောင်းဆိုးရွား ကွပ်မြက်ဓါး

ဝိဉာဉ်သုတ်သင် ချိတ်ကောက်

"အသင်တို့သည် ပြုပြင်ရန်အတွက် နောက်ကျလွန်းချေပြီ။ ထို့ကြောင့် အပြစ်ဒဏ်သည် ဝိဉာဉ်အား သုတ်သင်ခြင်း ဖြစ်ပြီး ဘဝသံသရာ စက်ဝန်းတွင် ပြန်ဝင်စားရန် မရှိတော့သလို ထာဝရ ပျောက်ကွယ်ရန် အပြစ်ပေးခိုက်သည်။ ဝိဉာဉ်သုတ်သင် အပြစ်ဒဏ်"

လျူဟုန်ယန်က ကျယ်လောင်စွာ ပြောပြီးနောက် လက်က ချိန်ကောက်ကို ညွှန်လိုက်သည်။ ချိတ်ကောက် အရိပ်က ပုံထင်လာကာ ချန်ညီအစ်ကိုဆီ ပြေးဝင်သွားသည်။

ဝိဉာဉ် သုတ်သင် ချိတ်မှာ ဥပဒေခန်းမ၏ ပြစ်ဒဏ်ပေးရာတွင် အပြင်းဆုံး အရာဖြစ်သည်။ ဓါးမော့နှင့် ဒဏ်ရာပေး၊ ဓါးနှင့် သတ်ကာ ချိတ်ကောက်နှင့် ဝိဉာဉ်ကို သုတ်သင်သည်။

ချိတ်ကောက်နှင့် အပြစ်ပေးခံရသူများမှာ ပြန်ဝင်စားရန်အတွက် သံသရာ စက်ဝန်းဆီ မရောက်နိုင်တော့ချေ။

လက်ရှိ ချန်ညီအစ်ကို၏ အဆင့်မှာ ဝိဉာဉ်သုတ်သင်ချိတ်နှင့် အပြစ်မပေးလျှင်တောင် လူအဖြစ် ပြန်ဝင်စားရန် မတန်ချေ။ သို့သော် ဝိဉာဉ်ပျက်ဆီးသွားခြင်းမှာ ပိုဆိုးလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now