အခန်း (၇၉) ခိုးရာပါပစ္စည်းများ ရောင်းခြင်း

174 25 0
                                    

လူတိုင်းက သောက်လို့စားလို ဝချိန်တွင် ထန်ဂျီက လျှောက်ကြည့်ရန်နှင့် ဈေးဝယ်ရန် အကြံပေးလေသည်။ လူတိုင်းကလည်း သဘောတူကြလေသည်။ ဈေးဝယ်ခြင်းမှာ လျှောက်လည်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းပင် မဟုတ်ပါလား။

ပြန်ဆုံရန် အချိန်တွင့် နေရာ သဘောတူပြီးနောက် လူတိုင်းက ခွဲသွားကြလေသည်။ ထန်ဂျီက ဝေထျန်းချောင်နှင့် အတူတူသွားသော်လည်း လမ်းခုလတ်တွင် သူက ပန်းအိုးဝယ်ရန် အကြောင်းပြ၍ လမ်းခွဲလာခဲ့သည်။

သူက လူတိုင်းနှင့် ဝေးသွားပြီးနောက်တွင် ထန်ဂျီက လမ်းများထဲတွင် လျှောက်သွားနေသည်။ သူက တစ်ယောက်တည်း လျှောက်ကြည့်နေပုံရသော်လည်း သူ့ရင်ဘတ်ရှိ အိတ်ထဲမှ ခေါင်းသေးသေးလေး တစ်လုံးက ပြူတစ် ပြူတစ်ဖြင့် ငေးမောနေသည်။ ကျောင်းသားများ အနားတွင် မရှိတော့သဖြင့် ယိယိက ထွက်လာတိုင်လေသည်။

သူမက မြင်ကွင်းများကို ကြည့်ရင်း မျက်လုံးများ တောက်ပနေသည်။

"အပြင်ဘက်က အရမ်းကြီးတာပဲ.. အရမ်းလှတာပဲ"

"ဟုတ်တယ်။ အရမ်းကြီး အရမ်းလှတယ်။ ဒါပေမယ့် သတိထား အပြင်ကို တအားမထွက်နဲ့" ထန်ဂျီက ရယ်ရင်း သတိပေးလိုက်သည်။ ထို့နောက် သူက သူမ၏ ခေါင်းကို ဖိ၍ အိတ်ထဲ ပြန်ဝင်စေလိုက်သည်။ ဤလောက၏ အဝတ်များမှာ ဝတ်ရုံပုံများ ဖြစ်ကာ ပွပွရွရွ ရှိသဖြင့် ရင်ဘတ်ဖောင်းနေသည်ကို မည်သူမျှ သတိမထားကြချေ။

သူ၏ အိတ်ထဲတွင် ပုန်းရင်း ယိယိက ဗျစ်တောက် ဗျစ်တောက် ပြောနေသည်။

"ငါက ထွက်မရသေးဘူးလား။ ငါက အပြင်ထွက်ပြီး ကြည့်ချင်တယ်။ အစ်ကိုကြီး သူတို့က သွားပြီ မဟုတ်ဘူးလား"

ထန်ဂျီက လမ်းပေါ်တွင် ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူက သူ့ကိုယ်သူ ပြောသည့် ပုံစံဖြင့် "အလင်းထဲက လူတွေက သွားပြီ။ အမှောင်ထဲက လူတွေ ရှိသေးတယ်" ဟု တိုးညှင်းစွာ ပြောလိုက်သည်။

"အမှောင်ထဲကလား" ယိယိက သဘောမပေါက်ချေ။ သူမက ပတ်ဝန်းကျင်ကို ခေါင်းထွက်ကြည့်လိုက်သည်။

"တစ်ယောက်ယောက်က နောက်ယောင်ခံ လိုက်နေတာလား"

ထန်ဂျီနှင့် အချိန်အတော်ကြာ နေပြီးနောက် သူမက ထန်ဂျီ၏ ပတ်လည်ဝိုင်းနေသော ရန်သူများရှိကြောင်း သိလာလေသည်။ ထန်ဂျီက သူမကို ဘာမျှ ပြောမထားသော်လည်း ဖုံးကွယ်၍လည်း မထားချေ။ အပြစ်ကင်းသော ကလေးမလေးပင် အချိန်ကြာလာပါက တစ်ဖြေးဖြေး သဘောပေါက်လာသည်သာ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Kde žijí příběhy. Začni objevovat