အခန်း (၁၄၀) မိန်းမကြမ်း (၁)

117 17 0
                                    


သန္ဓေကိုးပါး တစ္ဆေမှာ လက်ပတ်မိစ္စာ အရိုးခေါင်းများနှင့် မတူချေ။ မိစ္ဆာ အရိုးခေါင်းမှာ သတ်ဖြတ်ရန်အတွက် အဆိပ်ကို အားကိုးပြီး တိုက်ခိုက်ရာတွင် အသုံးသိပ်မကျချေ။ သို့သော် သန္ဓေကိုးပါး တစ္ဆေမှာမူ ပို၍ ရက်စက်လေသည်။ ထိုသည်ကား စွမ်းအင် အကာများကို ထိုးဖောက်နိုင်စွမ်းရှိပြီး ပျက်ဆီးရှိန်ဝါများကို ခန္တာကိုယ်တွင်း ထိုးဖောက်၍ အတွင်းကလီစာများကို ပျက်ဆီးစေတတ်သည်။ ထိုအကောင်ကား တစ္ဆေမွေးဂိုဏ်း၏ လူသတ်စက်ပင်။ ထိုတစ္ဆေများကို အဆင့်မြင့်သည်အထိ ပျိုးထောင်နိုင်ပါက ဒေဝဟဒယအဆင့်များနှင့် ခရမ်းနန်းတော်အဆင့်များကိုပါ သတ်ဖြတ်နိုင်လေသည်။

တာအိုရသေ့ဖုယု၏ တစ္ဆေမှာမူ ထိုအဆင့် မရောက်သေးချေ။ သို့တေသာ် အရိုးခေါင်း ကိုးခုပုံရိပ်ကို ထုတ်လွှတ်နေနိုင်ပြီ ဖြစ်သည်။ ထိုသည်ကား အခြေခံအဆင့်ပင်။ ထိုတစ္ဆေ၏ တိုက်ခိုက်မှုကို ဒုက္ခလွန်မြောက်အဆင့်၏ ကိုးဆင့် တိုးတက်အဆင့်ကပင် မခံနိုင်လောက်ချေ။

တစ္ဆေက စပြီး တိုက်ခိုက်ချိန်တွင် ထန်ဂျီက သူ၏ ထုမဲ့ရွှေခန္တာနှင့် အဏ္ဏဝါအလင်းကာကို ထုတ်လိုက်သည်။ သူက ကောင်မလေး၏ အရှေ့တွင် ပိတ်ရိုက်လိုက်ပြီးနောက် တစ္ဆေ၏ တိုက်ခိုက်မှုကို ခံယူလိုက်သည်။ သန္ဓေကိုးပါး တစ္ဆေက စူးရှစွာ အော်လိုက်သည်။ ထိုအကောင်၏ တိုက်ခိုက်မှုက အဏ္ဏဝါအလင်းကာကို ဖောက်သွားပြီး ထန်ဂျီ၏ ကျောကို ကိုက်ချလိုက်သည်။ ထန်ဂျီက သူ့ကျောအား ဓါးကိုးချောင်းနှင့် ထိုးသကဲ့သို့ ခံစားလိုက်သည်။ သူက နာကျင်စွာ ညီးလိုက်သည်။ သူ့ကိုယ်တွင်းသို့ ပျက်ဆီး စွမ်းအင်များက တိုးဝင်လာသည်။

"ရားးးးး" ထန်ဂျီက သွေးမွန်းမံပညာကို အသက်သွင်း၍ အော်လိုက်သည်။ ပျက်စီးစွမ်းအင်များက ထိုးဖောက်ခြင်း ရပ်တန့်သွားသည်။ သူက သွေးမွန်းမံပညာကို သုံးလိုက်သည်နှင့် တိုက်ခိုက်မှုကို တားပြီးသား ဖြစ်သွားလေသည်။

"နင်အဆင်ပြေလား" ရှုအမျိုးသမီးက မေးလိုက်သည်။

"အတော်နာတယ်" ထန်ဂျီက အံကြိတ်ရင်း ဖြေသည်။ ရှုအမျိုးသမီးက ကြောင်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now