အခန်း (၁၈၁) ဒေါသ

73 10 0
                                    



ဝေထျန်းချောင်က အံကို တင်းတင်းကြိတ်ရင်း ရှေ့သို့ ပြေးရင်း အော်သည်။

"ရီထျန်းရှန် မင်းက ငါ့အစေခံ ကျောင်းသားကို ထိရဲရင် ငါအမွေခံတပည့် ဖြစ်လာတဲ့ အချိန်ကျရင် မင်းနဲ့ တွေ့မယ်"

"သောက်တလွဲတွေ" ရီထျန်းရှန်က အော်သည်။

"သစ္စာမြင်ပုဂ္ဂိုလ်က ဘယ်သူ့ကို‌ရွေးမလဲ ဆိုတာ သူ့ပေါ် မူတည်တာပဲလေ။ မင်းရဲ့ ပါရမီနဲ့ စိတ်က ငါ့ထက် အများကြီး နိမ့်ကျတယ်။ ဆိုတော့ မင်းက ဘယ်လိုများ အမွေခံတပည့် ဖြစ်လာမယ် ထင်ရဲရတာလဲ။ သွားစမ်း"

သူက ပြောရင်း ဆိုရင်း ရှီမန်ကို ပိတ်ကန်လိုက်သည်။

သူက လေတိမ်ခြေလှမ်းကို သုံးကာ ဝေထျန်းချောင်ဆီ လိုက်သည်။

သူက ဆဌမနှစ် ကျောင်းသား ဖြစ်သဖြင့် သူ့အမြန်နှုန်းမှာ ကောင်းလှသည်။ ဝေထျန်းချောင်ကို ချက်ချင်းမှီလာသည်။ ဝေထျန်းချောင်က စိတ်ထဲတွင် ဆဲရင်း ပြေးသည်။ သူက ထန်ဂျီကို စိတ်မပျက်စေရန် စိတ်ထဲတွင် တွေးလိုက်သည်။ သူက သူ၏ အရိုးခြေပုဆိန်ကို ထုတ်ကာ နောက်ပြန်ခုတ်သည်။

သို့သော် ရှီထျန်းရှန်က ပုဆိတ်ကို ဖမ်းလိုက်သည်။

"ဒီလောက် အကွက်လေးနဲ့ ရမလား"

"ဒါဆို ဒီဟာကရော" ဓါးရောင် တစ်ချက်က ရီထျန်းရှန် မျက်နှာဆီ တိုးဝင်လာသည်။

ရီထျန်းရှန်က ထိုသို့ ဖြစ်မည်ကို တွေးမထားချေ။ သူက ချက်ချင်းပင် နောက်သို့ ခုန်ရှောင်ရင်း ဓါးဖြင့် ကာလိုက်ရသည်။

ချွမ်...

လူသုံးယောက်က ပေါ်လာလေသည်။ ခေါင်းဆောင်က ဓါးပျံတစ်ချောင်းကို ထိန်းချုပ်ထားသည်။

"အစ်ကိုကြီး" ဝေထျန်းချောင်က အော်လိုက်သည်။ အသစ်လာသူများမှာ ဝေထျန်းချောင်အစ်ကို ဝေထျန်းကျီပင်။

"ဝေထျန်းကျီ" ရီထျန်းရှန်က မျက်မှောင် ကြုတ်သွားသည်။ သူက ဝေထျန်းကျီကို မကြောက်ချေ။ သို့သော် ဝေထျန်းကျီမှာ အဌမနှစ် ကျောင်းသား ဖြစ်ကာ သိပ်မစွမ်းသော်လည်း သူ့ကိုတော့ တားနိုင်သေးသည်။ ထို့ပြင် ဝေထျန်းကျီတွင် အစေခံ ကျောင်းသား နှစ်ယောက် ပါသေးသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tempat cerita menjadi hidup. Temukan sekarang