အခန်း (၄) မသေမျိုးကိုလှည့်စားခြင်း

378 43 0
                                    


ရှုမုယန် တစ်ယောက် နိုးလာချိန်မှာတော့ ကောင်းကင်တွင် ကြယ်များပင် စုံနေချေပြီ။

သူ့အနီးတွင် မီးပုံ တစ်ခုရှိနေပြီး မီးရောင်အောက်တွင် ထိုင်နေသော လူငယ်လေး တစ်ဦးကို တွေ့လိုက်ရသည်။

သူက ထထိုင်ရန် ကြံလိုက်စဉ်တွင် ထိုလူငယ်က သူ့ကို ပြန်တွန်းလှဲလိုက်ပြီး "မလုပ်နဲ့အုံး။ ခုပဲ ဆေးလိမ်းပေးထားတာ"

'ဆေး' ' ဘာဆေးတုန်း'

ရှုမုယန်က လူငယ်ကို မေးလိုက်ရန် တွေးလိုက်စဉ် ထိုလူငယ် လက်ထဲမှ ဆေးပုလင်းကို တွေ့လိုက်သည်။

"ကျောက်စိမ်းဖြူ လိမ်းဆေးလား" ရှုမုယန်က မေးလိုက်သည်။ သူက ဆေးပုလင်းကို မြင်ယုံဖြင့် သူ့ဆေးမှန်း တန်းသိလေသည်။

ထိုအချိန်တွင်မှ ရှုမုယန်က သူသယ်လာသော ဆေးအားလုံးကို ကောင်လေးက ထုတ်ထားပြီး ဘေးတွင် ချထားကြောင်း တွေ့လိုက်ရသည်။

"မင်းက ဘယ်သူမလို့ ငါ့ခွင့်ပြုချက်မရှိပဲ ငါ့ပစ္စည်းတွေကို ထိရဲတာလဲ" ရှုမုယန်က ဒေါသထွက်သွားသည်။ ကျင့်ကြံသူတစ်ဦး ဆောင်ထားသော ပစ္စည်းများဆိုသည်မှာ သူတို့အသက်နှင့် ဆိုင်ပြီး နမော်နမဲ့ လုပ်၍ မရချေ။

သူ၏ သိုလှောင်အိတ်မှာ ပြီးခဲ့သော တိုက်ပွဲတွင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပစ္စည်းများကို ဒီတိုင်း သယ်ထားရသည်။ သူ့အနေဖြင့် သာမာန်ကောင်လေးက သူ့ခန္တာကိုယ်ကို နှိုက်နှိုက်ချွတ်ချွတ် ရှာလိမ့်မည်ဟု မထင်မိချေ။ သူက လက်ကို မြှောက်လိုက်ပြီး ထထိုင်လိုက်သည်။ အဝေးမှ သာမာန်ပုံသာရှိသော ကြေးမုံတစ်ချပ်က သူ့လက်ထဲသို့ ရောက်လာလေသည်။ သူက ချီစွမ်းအားကို သုံးလိုက်သဖြင့် သွေးတစ်လုတ် အန်လိုက်ရပြန်သည်။

ကောင်လေးက ရှင်းပြသည်။ "သူများရဲ့ ပစ္စည်းတွေကို ရှာကြည့်တာ မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး ဒဏ်ရာတွေနဲ့လေ။ ကျွန်တော်တို့ ဆေးမှ မသုံးရင် သေလောက်ပြီ"

ရှုမုယန်က သူ့ဒဏ်ရာများပေါ်တွင် ကျောက်စိမ်းဖြူလိမ်းဆေးများ အုံထားကြောင်း သတိထားမိလိုက်သည်။ ကောင်လေးက သူ့ကို ဆေးလိမ်းပေးထားပုံပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Unde poveștirile trăiesc. Descoperă acum