အခန်း (၂၈) ပူးပေါင်းခြင်း

204 32 0
                                    


"ဟုတ်လို့လား" ရှီမိုက မယုံနိုင်သလိုဖြင့် ယန်ကျီကို ကြည့်သည်။

"ဂျီသခင်လေးက ဝေမိသားစုမှာပဲ ရောက်နေပြီ။ မကြာခင် ဒီကိုလာပြီး သခင်လေးနဲ့ စကားပြောမှာ။ အဲ့ဒီကျရင် ဟုတ်မဟုတ် နင်သိမှာပေါ့။ ငါကပဲ နင့်ကို လိမ်ရမှာလား" ယန်ကျီက မျက်နှာကို ချီ၍ ပြောလိုက်သည်။

ရှီမိုက စဉ်းစားရင်း မျက်နှာ ပျက်နေသည်။

ယခင်က အစေခံကျောင်းသား နှစ်နေရာ ရှိသည်။ တစ်နေရာမှာ သူ့အတွက်ဟုသာ ရှီမိုက ယူဆထားသည်။ သူက သူ့အား သခင်မက သဘောမကျသည်ကို သိသော်လည်း သိပ်တော့ မကြောက်ချေ။ သူက သခင်လေးက သူ့အား ကျိန်းသေခေါ်မည်ဟု ယူဆထားသည်။

သို့သော် ယခုတွင် တစ်နေရာက သူများယူသွားမည်ဆိုလျှင် သူနေရာမရဖို့က သေချာသလောက်ပင်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒါက ဘယ်လို ဖြစ်ရတာလဲ။" ရှီမိုက စဉ်းစားရင်း ရေရွတ်နေသည်။ "တစ်နေရာစာပဲဆို ရှီမန်ပဲ ရမှာ ကျိန်းသေတယ်"

"ဘာလဲ နင်က အရှုံးပေးတော့မလို့လား။ ကြည့်ရတာ နင့်မှာ အကောင်းမြင်စိတ် မရှိဘူးပဲ" ယန်ကျီက ရှီမိုကို ကြည့်၍ ထန်ဂျီပြောသည့် အသုံးမကျသည့်ကောင်ဆိုသည်မှာ ဟုတ်ကြောင်း တွေးနေသည်။

"ဒါဆို ငါက ဘာလုပ်ရမှာလဲ"

"နင်က ငတုံးလား။ ငါ့ကို မေးနေရသေးလား။ ခုထိ ဂျီသခင်လေးက အစေခံကျောင်းသား နေရာအတွက် မရသေးဘူး။ သူက ဒီမှာ နေအုံးမှာ။ နင့်မှာ အခွင့်အရေးရှိသေးတယ်လေ။ နင်လုပ်ဖို့ လိုတာ သူ့ကို ဒီက မောင်းထုတ်နိုင်ဖို့ပဲ။"

"ငါကလား။ ငါက ဘယ်လိုလုပ် မောင်းထုတ်နိုင်မှာလဲ။ သူက ဂျီမိသားစု သခင်လေးလေ။ သခင်လေးရဲ့ ဝမ်းကွဲကို" ရှီမိုက အော်သည်။

"နင်က မောင်းမထုတ်နိုင်ရင်တောင် သခင်လေးက မလုပ်နိုင်ဘူးလား"

"သခင်လေးလား"

"ဟုတ်တယ်။ သခင်လေး။ ဂျီသခင်လေးက ဘာလာလုပ်လဲ နင်မသိဘူးလား။ အစေခံကျောင်းသားလေ။ အစေခံကျောင်းသားဆိုတာ အစေခံပဲ။ သူက သခင်လေးကို အလုပ်အကျွေးပြုဖို့ဆိုတဲ့ သဘောပဲ။ ဂျီသခင်လေးမဟုတ်ဘူး။ ဝေမိသားစုရဲ့ အစေခံပဲ သဘောပေါက်လား" ယန်ကျီက ကောက်ကျစ်သော မျက်နှာထားဖြင့် ပြောသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now