အခန်း (၁၂၉) ချီသွေးပြန်ဝင်စား

136 25 1
                                    

ဒုတ်

လက်သည်းများက ထန်ဂျီ၏ ကိုထဲသို့ စိုက်ဝင်သွားသည်။ လက်သည်းမှ ရွှေရောင် အလင်းတန်း တစ်ခု ထွက်လာပြီး ပေါက်ကွဲသွားကာ ထန်ဂျီက လွင့်ထွက်သွားသည်။ ထန်ဂျီ၏ ရင်ဘတ်တွင် ပွင့်ရာကြီး ဖြစ်နကာ အရိုးများပင် ပေါ်နေသလို နှလုံးခုန်တာကိုပင် မြင်နေရလောက်သည်။

ကုချန်ချင်းက သဘောကျစွာ ရယ်မောရင်း ထလာသည်။

သူ၏ မျက်နှာမှာ ထန်ဂျီထိုးကြိတ်ခံထားရ၍ ရွဲပြဲနေပြီး မျက်လုံးတစ်လုံးကပိတ်နေသည်။ သို့သော် သူ့မျက်နှာက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဖြစ်သည်။ သူ၏ မျက်နှာပေါ်က အပြုံးမှာ ရက်စက်၍ ကြောက်စရာ ကောင်းလှသည်။

"ခင်ဗျားက... ရယ်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာပေါ့..." ထန်ဂျီက ကုချန်ချင်းကို မယုံနိုင်စွာ ကြည့်ရင်း မေးသည်။

"ဒါပေါ့.. ငါ့အနေနဲ့ မင်းလက်ထဲ ရောက်နေပြီလို့ ထင်လို့လား"

သူက ဆေးတစ်လုံး ထုတ်၍ သောက်လိုက်သည်။ သူက ထန်ဂျီဆီ ဝင်လာပြီး ဖနောင့်ဖြင့် ပေါက်လိုက်သည်။

ထန်ဂျီက ညီးတွားလိုက်သည်။ သူ၏ ကိုယ်မှာ မာကျောလှသော်လည်း ထိုမျှ ဒဏ်ရာကြီးကိုတော့ မြန်မြန် ပြန်၍ မကောင်းနိုင်ချေ။ သူက မြေပေါ်တွင် လှိမ့်နေစဉ် ကုချန်ချင်းက ရှေ့တိုးလာကာ ရေခဲဝိဉာဉ်အလင်းဖြင့် သူ၏ ကိုယ်တွင်း ကလီစာများကို အေးခဲလိုက်သည်။

ထိုအခါမှသာ ကုချန်ချင်း၏ ရေခဲဝိဉာဉ် အလင်းတန်းက ယခင်ထက် များစွာ ပြင်းထန်ကြောင်း ထန်ဂျီက သတိထားမိသည်။

"ခင်ဗျားက အစတည်းက အစီအစဉ်ချထားတာပေါ့" ထန်ဂျီက ကုချန်ချင်းကို ကြည့်ရင်း မေးလိုက်သည်။

"တိတိကျကျ ပြောရရင်တော့ ကုပိုင် သေကတည်းကပဲ" ကုချန်ချင်းက ပြန်ပြောသည်။

"မင်းက ပြင်ဆင်ထားပြီးသားလို့ ငါသိလိုက်တဲ့ အချိန်တည်းက မင်းဆီကနေ သိုင်းသခင် ကြေးမှုံကို ရဖို့ မလွယ်ဘူးဆိုတာ ငါသိလိုက်တယ်။ ဒါကြောင့်မလို့ မင်းအစီအစဉ်အတိုင်း လုက်လုပ်ပြီး မင်းဘာလုပ်မလဲ ကြည့်တာ။ မင်းအနေနဲ့ မင်းက အောင်မြင်တော့မယ်လို့ ထင်တဲ့အချိန်ကျရင် သိုင်းသခင်ကြေးမှုံ ဘယ်မှာရှိလဲလို့ ထုတ်ပြောမှာပဲလေ။ ငါက ဒီနေ့ကို ရောက်ဖို့ အတော်လေး စောင့်ခဲ့ရတာ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)حيث تعيش القصص. اكتشف الآن