အခန်း (၁၄၅) အလှလေး၏ ကမ်းလှမ်းချက်

124 20 0
                                    


ထန်ဂျီ၏ ကြောင့်ကြမဲ့ ခြံဝန်းထဲသို့ အာရုဏ်ဦး၏ ပထမဆုံး နေရောင်က ကျဆင်းလာလေသည်။ ပြတင်းမှ ဝင်လာသော နေရောင်ကြောင့် ထန်ဂျီက မျက်လုံးများ ဖွင့်လိုက်သည်။

ယနေ့က သာယာသော နေ့တစ်နေ့ပင်။ သူက ပြုံးလိုက်သည်။

ထန်ဂျီ၏ ခြံဝန်းထဲတွင် ကျောင်းမှ တပ်ဆင်ပေးထားသော အစီအရင်က မရှိတော့ချေ။ ယနေ့မှစ၍ ထန်ဂျီသည် ထန်ကျိရီ မဟုတ်တော့ချေ။ သူက အတိတ်ကို ချန်ထားခဲ့နိုင်ချေပြီ။

သူက ကျောင်းသို့ ပြန်ရောက်သည်မှာ ရက်ပိုင်းရှိနေချေပြီ။ သူ၏ အခန်းမှာ ယခင်အတိုင်းပင်။ လှန်လှောရှာဖွေခံထားရသည့် အရိပ်အယောင် မရှိချေ။ သူက နံရံတွင် ချိတ်ထားသော အသဲကွဲ ဓါးမော့ကို ဖြုတ်ယူလိုက်သည်။ သူကခြံထဲဆင်းလာကာ ရေပြင်ညီ ဓါးသိုင်းကို ကျင့်နေလိုက်သည်။

သို့သော် ရေပြင်ညီ ဓါးသိုင်းမှာ ဓါးသိုင်း (နှစ်ဖက်သွားဓါး အဖြောင့်) ဖြစ်ကာ သူ၏ ဓါးမော့ (တစ်ဖက်သွားဓါး အကော့) နှင့် မလိုက်ဖက်ချေ။

နတ်ပုံပြောင်း တစ်ထောင်ကဲ့သို့ မည်သည့်လက်နက်နှင့် မဆို လိုက်ဖက်သည့် ပညာမျိုးမှလွဲ၍ ဓါးသိုင်းက ဓါးသိုင်း ဓါးမော့သိုင်းက ဓါးမော့သိုင်းပင်။ ကွဲပြားသော လက်နက်များက ကွဲပြားသော ရည်ရွယ်ချက် ကွဲပြားသော စွမ်းအင်အသုံးပြုပုံများ ရှိလေသည်။ ပုံမှန် ပညာရပ်တစ်ခုမှာ မည်သည့် လက်နက်နှင့် သုံးမည်ဆိုသည့် ကန့်သတ်ချက် ရှိလေသည်။

ထိုသည်ကပင် ရေပြင်ညီ ဓါးသိုင်းမှာ ဓါးမော့နှင့် မလိုက်ဖက်ခြင်းပင်။

"ငါ့အနေနဲ့ သင့်တောတဲ့ ဓါးမော့သိုင်း ရှာအုံးမှပါ" သူက ရေရွတ်လိုက်သည်။

သူက လက်ရှိတွင် ချီရေကန်အဆင့်တွင် ဖြစ်ကာ ပြီးခဲ့သော ရက်က သူက ကျင့်စဉ်ကို သွား၍ ထုတ်ယူခဲ့ပြီး ဖြစ်သည်။ သို့သော သူက ဂါထာပညာရပ် မထုတ်ရသေးချေ။ သူက ထိုသို့ တွေးပြီးသည်နှင့် ကျမ်းစာတိုက်သို့ ထွက်လာခဲ့သည်။

ကျောင်းသား အများစုက သူ့ကို ကြည့်နေကြသည်။ အချို့လူများက သူ့အား လက်ညှိုးထိုး၍ပင် အတင်းဆိုနေကြသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now