အခန်း (၁၂၆) အဖွဲ့တွင်း အကွဲအပြဲ

145 20 0
                                    

ဘုန်းးးး

ချီစွမ်းအင် တစ်ခုက သိမ်းငှက်ခန်းမ အဖွဲ့ဝင်ငါးယောက်လုံးကို လွင့်သွားအောင် ရိုက်လိုက်သည်။ ကုချန်ချင်းက ကပျာကယာ လုပ်လိုက်ရသဖြင့် သူက အားကို မထိန်းနိုင်ချေ။ ရှီကီက တိုက်ရိုက် ထိသွားသဖြင့် သွေးပင် အန်သွားသည်။

လူငါးယာက် ပြေပေါ် တုန်တုန်ယင်ယင် ကျသွားသည်။ ကျိုးရှန်းကော်က ဒေါသဖြင့် အော်သည်။

"ကုချန်ချင်း မင်းက ဘာလုပ်နေတာလဲ"

ကုချန်ချင်းက ပြန်ပြောမည် ပြင်ဆင်ပင် ထန်ဂျီက ဝင်ပြောသည်။

"မေးစရာလိုသေးလား။ မင်းတို့ကို သတ်လိုက်ရင် ဘယ်သူမှ ငါက ထန်ကျိရီ မဟုတ်တာ မသိတော့ဘူး"

ဘာ....

လူတိုင်းက ကုချန်ချင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ထန်ဂျီစကားက မှန်လေသည်။

လူများစွာ သေပြီးချေပြီ။ စစ်ဆင်ရေးက ကျရှုံးခဲ့သည်။ ထန်ကျိရီအစစ်က ဘယ်မှာမှန်း ဘယ်သူမျှ မသိချေ။ သူတို့၏ လုပ်အား အကုန်လုံးက ပြုန်းတီးသွားချေပြီ။ နတ်ခေါင်းနန်းတော်က ရလာဒ်ကို ကျေနပ်မည် မဟုတ်ချေ။ လင်းယုန်သခင် ကုကား သိုင်းသခင်ကြေးမှုံကို ပြန်ရရန် စစ်ဆင်းရေး ခေါင်းဆောင် ဖြစ်ပြီး ထိုကိစ္စအတွက် တာဝန် အကြီးဆုံး သူပင်။ သူ့အနေဖြင့် ထိုသို့ ရလာဒ်မျိုးကို လက်ခံနိုင်လေမည်လား။

တစ်ဖက်တွင် သူတို့လို နောက်လိုက်များ အနေဖြင့် တာဝန်သိပ်မကြီးချေ။ ထို့ကြောင့် ကုချန်ချင်း အမြင်တွင် ထန်ဂျီက ထန်ကျိရီ ဖြစ်ကို ဖြစ်ရချေမည်။ အခြား ဖြစ်တန်စွမ်းများ မလိုချေ။ သူတို့က ထိုသို့ တွေးလိုက်မိသည်နှင့် ကုချန်ချင်းအား ထိတ်လန့်စွာ ကြည့်လိုက်ရသည်။

ကုချန်ချင်းက လန့်သွားကာ ဒေါသလည်း ထွက်သွားသည်။

"မဟုတ်ဘူး... သူက ထန်ကျိရီပဲ.."

သူက စကားပြောလို့ မဆုံးမီပင် ထန်ဂျီက သဲတစ်ဆုပ်ကို ကောက်ယူလိုက်ပြီးနောက် ကျိုးရှန်းကော်ဆီ ပစ်လိုက်သည်။

ကျိုးရှန်းကော်က ရှောင်လိုက်ပြီးနောက် ထန်ဂျီကို ရိုက်ချလိုက်သည်။ ထိုရုက်ချက်သာ ထန်ဂျီကို ထိသွားပါက ထန်ဂျီက သေမည် မလွဲပင်။ ကုချန်ချင်းက ရှင်းပြချိန် မရှိတော့ပဲ ထန်ဂျီရှေ့တွင် ဝင်ကာ တိုက်ချက်ကို ကာကွယ်လိုက်ရသည်။ သူက အော်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now