အခန်း (၆၉) မိုးပြာရောင် အလင်း

178 33 0
                                    

အမဲရောင် အရိပ်က ကျောင်းရှန်းဆီ ခုန်ဝင်လာပြီး သူ၏ လက်မောင်းကို ကိုက်လိုက်သည်။

နတ်ခေါင်းချပ်ဝတ်မှာ ကောင်းမွန်သော ကာကွယ်မှုရှိသော်လည်း ထိုသည်က ခန္တာကိုယ်ကိုသာ ကာကွယ်ပြီး ခြေလက်များ မပါချေ။

ကျောင်းရှန်းက ပါးစပ်အပြည့်တစ်ချက် ခဲခံရပြီးနောက် လျှပ်စီးတစ်ချက်က သူ၏ ခန္တာကိုယ်ကို ပျံ့နှံ့သွားသည်။ ထို့ပြင် နတ်ခေါင်းချပ်ဝတ်၏ အားနည်းချက်မှာ လျှပ်စီးဒဏ်ကို မကာကွယ်နိုင်ခြင်းပင်။ ကျောင်းရှန်း၏ ခန္တာကိုယ် တစ်ခုလုံးမှာ ထုံကျင်သွားပြီး သူ၏ လှုပ်ရှားမှုများ ခေတ္တရပ်သွားသည်။

သူက နောက်ဆုံးတွင် သူ့ကို ကိုက်သည့် အရာမှာ ဝံပုလွေ စက္ကောမရုပ် တစ်ရုပ် ဖြစ်ကြောင်း သိလိုက်သည်။

"တိုက်ပွဲဝင် စက္ကောမရုပ်လား" ကျောင်းရှန်းက အော်သည်။ "မင်းက ချီလမ်းညွှန် ဂါထာ မသုံးပဲ ဘယ်လိုလုပ် ထိန်းချုပ်လို့ ရနေတာလဲ"

"မှန်းကြည့်" ထန်ဂျီက သူ့လက်ထဲမှ ဓါးကို လွှင့်ပစ်လိုက်ရင်း ပြောသည်။

သူက ဓါးကို စွန့်လွှတ်၍ လက်သီး သုံးတော့မည် ဖြစ်သည်။ သူက ကျောင်းရှန်း၏ ချပ်ဝတ်ပေါ်သို့ လက်သီးများ အဆက်မပြတ် ထိုးချလိုက်ရာ ကျောင်းရှန်းက အလွန် နာကျင်သွားသည်။

ကျောင်းရှန်းက အခြေအနေက သူ့ဘက်တွင် အသာမရှိတော့ကြောင်း သဘောပေါက်လိုက်သည်။

နတ်ခေါင်း ချပ်ဝတ်မှာ အကာအကွယ် မှော်လက်နက် တစ်ခုသာ ဖြစ်ပြီး လျှပ်စီးစွမ်းအားကို မတန်ပြန်နိုင်သလို ပြင်းထန်သော ထိလိုက်မှုများကိုလည်း မလျှော့ချနိုင်ချေ။

ထန်ဂျီတွင် ဓါးရှိသော်လည်း သူက မသုံးပဲ လက်သီးများကို သုံးခြင်းက သူသည် နတ်ခေါင်းချပ်ဝတ်၏ အားနည်းချက်များကို သိရှိနေကြောင်း သိသာလေသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း သူက နတ်ခေါင်းနန်းတော် အကြောင်း များစွာ လေ့လာခဲ့သည်။ နတ်ခေါင်းချပ်ဝတ်မှာ နတ်ခေါင်းနန်းတော်၏ လူတိုင်းသိ လက်နက်ဖြစ်၍ သူက သေချာ နားလည်အောင် လေ့လာခဲ့လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now