အခန်း (၁၃၀) ဘတစ်ပြန် ကျားတစ်ပြန်

144 27 0
                                    


သွေးမြူထုအတွင်းတွင် ထန်ဂျီက အလုံးစုံ ပြန်၍ ကောင်းသွားချေသည်။ ထိုသည်က မီးတောက်ထဲမှ ပြန်၍ ရှင်သန်လာသော ဇာမဏီ ငှက်သို့ပင်။ ကုချန်ချင်းက အပ်ကို ထုတ်ရန် ကြိုးစားနေဆဲပင်။ ထန်ဂျီက ပြေးဝင်လာသည်။

"ကုချန်ချင်း ဒီနေ့က ခင်ဗျားသေမယ့်နေ့ပဲ။"

ကုချန်ချင်းက ပြန်၍ ပက်သည်။ "မင်းတစ်ယောက်တည်းနဲ့လား"

သူက သူ၏ လက်ကို သိုလှောင်အိတ်ဆီ ပို့လိုက်ပြီး အရာတစ်ခု ဆွဲထုတ်လိုက်သည်။ ထိုအရာက လေထဲတွင် တဝီဝီ လည်သွားကာ အလင်းရောင် အကာတစ်ခုက ထန်ဂျီဆီ ထွက်လာပြီး ထန်ဂျီကို မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။

ဝိဉာဉ်ချုပ်ဝင်ရိုး

ထိုသည်က သိမ်းငှက်ခန်းမမှ လူများက လူများကိုဖမ်းရာတွင် သုံးလေ့ရှိလေသည်။ ထိုအရာက ပစ်မှတ်ကို မလှုပ်ရှားနိုင်အောင် ချုပ်သလို စိတ်ကိုပါ ပြောင်းသတ်သွားစေသည်။ ထိုသည်က စစ်ကြောရေးတွင်လည်း သုံးလေ့ ရှိလေသည်။

ထန်ဂျီက ဝိဉာဉ်ချုပ်ဝင်ရိုး၏ ချုပ်နှောင်ခြင်းကို ယခင်က ခံခဲ့ရဘူးလေသည်။ သို့သော်ထန်ဂျီ၏ စိတ်ဓါတ်က ခိုင်မာလေသည်။ ကုချန်ချင်းက သူ့ကိုယ်သူ ကာကွယ်ရန် နောက်တစ်ကြိမ် ထုတ်သုံးပြန်လေသည်။

သို့သော် ထန်ဂျီက အဆင်သင့် ပြင်ထားပြီးသား ဖြစ်သည်။ ဝိဉာဉ်ချုပ် ဝင်ရိုး ပေါ်လာသည်နှင့် ထန်ဂျီက လေထဲသို့ လက်သီးနှင့် ထိုးလိုက်သည်။ လက်သီးက ဝိဉာဉ်ချုပ်ဝန်ရိုးကို ထိသွားပြီးနောက် ချီစွမ်းအား တန်ပြန်မှု တစ်ခုက ပေါ်လာသည်။ ထိုလက်သီးချက်က ယခင်ထက် အဆများစွာ ပြင်းလေသည်။

ကုချန်ချင်းက ယခင်တိုက်ပွဲတွင် သရုပ်ဆောင်ခဲ့သလို ထန်ဂျီကလည်း သရုပ်ဆောင်ခဲ့သည်သာ။ ဝိဉာဉ်ချုပ်ဝန်ရိုးမှာ ထန်ဂျီ၏ လက်သီးချက်ကြောင့် တုန်ခါသွားသည်။

"ခင်ဗျားက ဝိဉာဉ်ချုပ် ဝန်ရိုးကို ထုတ်သုံးပေမယ့် ထိန်းချုပ်သူမရှိတဲ့ ပညာရပ် လက်နက် တစ်ခုက အများကြီး အားနည်းတယ်။ သူ့ရဲ့ စွမ်းရည်ချည်းပဲဆို ကျုပ်က ဘာလို့ မဖျက်နိုင်ရမှာလဲ။ ပျက်စမ်း.. ပျက်စမ်း... ပျက်စမ်း"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)حيث تعيش القصص. اكتشف الآن