အခန်း (၁၇) ကုချန်ချင်း

225 30 0
                                    


အန်းယန်ခရိုင်မြို့ရှိ တည်းခိုဆောင် တစ်ခုတွင်။

ရွှေရောင် ကိုယ်ကြပ် ဝတ်စုံဝတ်ထားပြီး ဖြောင့်တန်းသော မျက်ခုံး တောက်ပသော မျက်လုံးများရှိသည့် လူငယ် တစ်ယောက်က ရှီဝူနီယန် အရှေ့တွင် ရပ်နေသည်။ သူက ရှီဝူနီယန်ကို ဦးညွှတ်၍ ပြောလိုက်သည်။

"သိန်းငှက်ခန်းမမှ ကုချန်ချင်းက မျှော်လင့်ခြင်း သခင်ကို ဂါရဝပြုပါတယ်။ သစ္စာမြင် ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ဂါရဝ ပြုပါတယ်"

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး" ရှီဝူနီယန်က လက်ကို ယမ်း၍ ထိုလူငယ်ကို ထိုင်ရန် ပြောလိုက်သည်။ "အဝေးကြီးက လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မျှော်လင့်ခြင်း သခင်က ဒီလိုပြောလို့ ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဒီတပည့် ကုချန်ချင်းက အရည်အချင်းရှိတဲ့ လူတွေကို ခေါ်ခဲ့ပြီး မျှော်လင့်ခြင်းသခင်ရဲ့ အမိန့်ကို အကောင်အထည်ဖော်ဖို့ အသင့်ပါ"

"သိုင်းသခင် ကြေးမှုံကို ရှာဖို့ နေရာမှာ မင်းရဲ့ အမြင်ကို ငါအရင်သိချင်တယ်။ မင်းက ဒိကိစ္စကို သိသင့်သလောက် သိပြီးပြီလို့ ယူဆတယ်"

"ဟုတ်ကဲ့။ ကျွန်တော်မျိုးက လာတဲ့လမ်းမှာ သက်ဆိုင်ရာ မှတ်တမ်းတွေကို ဖတ်ပြီးပါပြီ"

"မင်းဘယ်လိုထင်လဲ"

"ဒီပြဿနာအတွက် အဖြေမရှိပါဘူး" ကုချန်ချင်းက ဖြေလိုက်သည်။

"ဟင်" ရှီဝူနီယန်၏ မျက်ခုံးများ မြင့်တက်သွားသည်။

ကုချန်ချင်းက ကြောက်ရွံ့သွားပုံမရပဲ ပြန်၍ ပြောလိုက်သည်။

"ရှောင်ပိဟန်က ပြဿနာရှာခဲ့တော့ ကျွန်တော်တို့အနေနဲ့ ကောင်လေးကို ရှာဖို့ အကောင်းဆုံးအချိန်ကို လွတ်သွားတယ်။ လောကကြီးက ကျယ်ပြန့်ပြီးတော့ လူတွေဆိုတာလည်း ပင်လယ်က ရေတွေလောက် များတယ်။ ကျွန်တော်တို့ ဒီလအနည်းငယ်အတွင်းမှာ မဖမ်းနိုင်ရင် နောက်နှစ်အနည်းငယ် ပိုပြီးတော့ နှစ်ဆယ်ချီကြာရင်တောင် မဖမ်းနိုင်လောက်တော့ဘူး။ ကျွန်တော်တို့က သူ့မျက်နှာတောင် မမြင်ဖူးဘူးလေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now