အခန်း (၄၉) ကျောင်းတော်သို့ ဝင်ရောက်ခြင်း

186 34 0
                                    

"ကောင်းလိုက်တဲ့ စကား" တစ်ယောက်ယောက် အော်လိုက်သည်။

ရေလှုင်းတစ်ခု ပေါ်လာပြီး အင်းထဲမှ လီယုက ရုတ်တရက် ပြန်ပေါ်လာသည်။

"အကြီးအကဲ"

ယခုအချိန်တွင် ကျောင်းသားများက လီယုကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

ထန်ဂျီသည်သာ ဒီတိုင်းရပ်နေပြီး မေးလိုက်သည်။

"အကြီးအကဲက ထွက်မသွားသေးတာလား"

လီယုက မျက်လုံးကို ပြူးရင်း ပြောလိုက်သည်။

"ဒီခါးပတ်ကန်က ငါ့အိမ်လေ။ ငါကို ဘယ်သွားမယ်လို့ မင်းက ထင်နေတာလဲ"

သူက ရယ်မောလိုက်သည်။

"ငါ့အနေနဲ့ ကလေးတစ်ယောက်ကို သဘောမကျတာ အတော်ကြာခဲ့ပြီ။ မင်းကိုတော့ သဘောကျသား။ အိုး.. ဒါက မင်းအတွက်ပဲ။ ဒါက ကောင်းကင်က လက်ဆောင်မဟုတ်သလို ကျောင်းက ပေးတာလဲ မဟုတ်ဘူး။ ငါကပေးတဲ့ လက်ဆောင်"

ရွှေရောင် အလင်းတန်းတစ်ခုက ထန်ဂျီဆီပျံလွင့်လာရာ သူက ဖမ်းလိုကသည်။ သူလက်ထဲတွင် ရွှေရောင် ငါကြေးခွံတစ်ခု ရောက်လာလေရာ သူက ထိုကြေးခွံမှာ လီယု၏ ကြေးခွံဖြစ်ကြောင်း သူက သိလိုက်သည်။ ပုံပြောင်းနိုင်သော မဟာသားရဲ တစ်ကောင်ဆီမှ အရာသည် ရတနာ မဟုတ်လျှင်တောင် တန်ဖိုးကြီးသော အရာဖြစ်သည်။ ထန်ဂျီက အလွန်ပျော်သွားသည်။

လီယုက အော်လိုက်သည်။ "ကောင်လေး.. မင်းက လက်ဆောင်ကို ရပြီးပြီလေ။ မင်းက ပြန်ကျေးဇူးတင်ရမယ်"

"အကြီးအကဲရဲ့ ရက်ရောတဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနိမ့်ကျတဲ့ ကောင်လေးက ဦးညွှတ်ပါတယ်" ထန်ဂျီက အရိုအသေ ပြုလိုက်သည်။

"ကောင်းတယ်။ ငါက မင်းရဲ့ အရိုအသေပြုမှုကို လက်ခံတယ်" လီယုက ကျယ်လောင်စွာ ပြောသည်။

"တခြားကလေးတွေ နားထောင်ကြ။ ဒီအဖိုးကြီးက မြှောက်ပင့်ခံရတာ ကြိုက်တယ်။ ငါ့ဆီကနေ ကောင်းတာ တစ်ခုခုလိုချင်ရင် မင်းတို့အနေနဲ့ ဘယ်လို နေရ ထိုင်ရမယ်ဆိုတာ သိသင့်တယ်။ ဒါပေမယ့် ပထမ လက်ဆောင်က စကားနည်းနည်းပဲ လိုပေမယ် ဒုတိယလက်ဆောင်ဆိုရင် ရှိခိုးမှ ရချင်ရမယ်။ မင်းတို့က ငါ့ဆီက ကောင်းတာလိုချင်ရင် မင်းတို့က ငါပျော်အောင် လုပ်ပေးတတ်ရမယ်။ ဟားဟားဟားဟား"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Wo Geschichten leben. Entdecke jetzt