အခန်း (၃၆) ယဉ်ပါးစေခြင်း

200 36 0
                                    

ထန်ဂျီက ကြာစေ့ဆန်ပြုတ်ကို မြက်ခင်းပေါ်တွင် တင်ထား၍ ပြန်ဆုတ်လိုက်သည်။

"စိတ်ဆိုးမနေနဲ့တော့။ ငါက နင့်မှာ အသိဉာဏ်ရှိတာ မေ့သွားတယ်။ နင်က ဘယ်လိုလုပ် ရိုးရိုး အပင်တွေနဲ့ တူမလဲ။ နင်က ရုက္ခစိုး ဖြစ်လာမှတော့ ချက်ထားတာ စားလို့ရမှာပဲ။ ငါက ဒီကြာစေ့ ဆန်ပြုတ်ကို မီးဖိုချောင်က ခိုးလာတာ။ အစေခံက အဲ့ဒီဆန်ပြုတ်မျိုး သောက်ခွင့်မရှိဘူး။ ဒါနဲ့ ငါက တောင်းပန်တယ်လို့ သဘောထားလိုက်။"

ထိုအကောင်လေးက ကျောက်တုံးတစ်တုံးနောက်မှ ပေါ်လာသည်။ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထန်ဂျီက ပြုံးလိုက်သည်။

"စိတ်ဆိုးနေတုန်းလား။ နင်မစားချင်ရင်လဲ ဘာစားချင်လဲ ပြောလေ။ နင်က စကားမပြောတတ်ရင် ငါ့ကို လက်ခါပြ။ ဒါဆို ငါက ဒီဆန်ပြုတ်ကို ပြန်သိမ်းလိုက်မယ်။ စားချင်ရင် စားလိုက်ဂ

အကောင်လေးက ချက်ချင်း ပြေးထွက်လာပြီး ခေါင်းကို ဆန်ပြုတ်အိုးထဲ စိုက်ကာ သောက်လိုက်သည်။ သူမက ထိုအရာကို စားလေသည်။

အချိန်အနည်းငယ်အတွင်းပင် သူမက ပန်းကန်လုံးတစ်လုံး ကုန်အောင် သောက်လိုက်လေသည်။ ပန်းကန်လုံးက သိပ်မကြီးသော်လည်း သူမက ကုန်အောင် သောက်နိုင်လေသည်။ ထို့ကြောင့် သူမ၏ ဗိုက်က အနည်းငယ် ပူနေကာ ဗိုက်ကြီးနေသည်နှင့်ပင် တူနေသည်။ သူမက ပန်းကန်လုံးနားတွင် ဖင်ထိုင်ကျသွားပြီး ပြန်မထနိုင်ချေ။

ထန်ဂျီက သဘောကျစွာ ရယ်မောလိုက်သည်။ သူက လက်ဖြင့်လှမ်း၍ ဖမ်းလိုက်ရာ အကောင်လေးက ရှောင်ရန် ကြိုးစားသော်လည်း ဗိုက်အလွန်လေးနေသဖြင့် မိသွားလေသည်။ ထန်ဂျီက သူမကို လက်ဝါးပေါ်တွင် တင်၍ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ။ မကြောက်နဲ့။ ငါက နင့်ကို ဘာမှ မလုပ်ဘူး"

ထိုအကောင်လေးက အစပိုင်းတွင် တုန်သွားသော်လည်း နောက်ပိုင်းတွင် ထန်ဂျီ၏ ပွတ်သပ်မှုကို လက်ခံလိုက်သည်။ ထန်ဂျီက လက်ကိုမြှောက်၍ မျက်လုံးနား ကြည့်လိုက်ရာ ရုက္ခစိုးလေးမှာ ချစ်စရာကောင်းကြောင်း တွေ့ရလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now