အခန်း (၅၁) ပထမဆုံး အတန်း (၁)

179 32 0
                                    

နောက်တစ်နေ့ မနက်စောစော နေပင် မထွက်သေးချိန်တွင် ဝေထျန်းချောင်က နှိုးခြင်း ခံလိုက်ရသည်။ သူက အိပ်ချင်မူးတူးဖြင့် "ငါ့ကို လာမနှောက်ယှက်နဲ့" ဟု အော်သည်။

ထန်ဂျီက "သခင်လေး အတန်းချိန်ရောက်တော့မယ်" ဟု ခေါ်လိုက်သည်။

"မသွားဘူး။ ငါအိပ်ချင်သေးတယ်"

"ကျွန်တော်တို့ နောက်ကျရင် အတန်းချိန် တစ်ခုလုံး မတ်တတ်ရပ်နေရမှာ"

"ဒါဆို ရပ်နေမယ်" ဝေထျန်းချာင်က ဗလုံးဗထွေးဖြင့် ပြောသည်။

အတန်ကြာပြီးနောက် ထန်ဂျီက ဝေထျန်းချောင်ကု အိပ်ယာထဲမှ အတင်းဆွဲထုတ်သည်။

"ထန်ဂျီ မင်းက.." ဝေထျန်းချောင်က ထန်ဂျီကို ထိုးလိုက်သော်လည်း သူ့လက်ကို ဖမ်းဆုပ်ခြင်းသာ ခံလိုက်ရသည်။ သူ့အင်အားဖြင့် ထန်ဂျီကို ဘာမျှ လုပ်မရချေ။

"ငါအမေ့ကို တိုင်ပြောမယ်" ဝေထျန်းချောင်က အော်သည်။

"အတန်းပြီးရင် သွားတိုင်။ ရှီမန် သခင်လေးကို ရေချိုးဖို့ မြန်မြန်လုပ်ပေးလိုက်" ထန်ဂျီက ဝေထျန်းချောင် ဘာပြောပြော ဂရုမစိုက်ချေ။

"ဘာလို့ ငါပဲလဲ။ မင်းက ဘာလုပ်လဲ" ရှီမန်က ပြေးလာပြီး ထန်ဂျီကို ပြောသည်။

"ဒါဆို နေရာလဲချင်လား။ မင်းသခင်လေးကို အတန်းတက်အောင် အိပ်ယာနိုးအောင်လုပ်လေ။ ငါက ရေချိုးပေးမယ်" ထန်ဂျီက ဝေထျန်းချောင်ကို လက်ဖြင့် ကိုင်မရင်း ပြောသည်။

"ထားလိုက်တော့ ငါလုပ်မယ်" ရှီမန်က ဘာမျှ မတတ်နိုင်ချေ။

လရောင်လှုံကျောင်းတွင် အတန်းများ ခွဲမထားချေ။ အကုန်လုံးက တစ်ခန်းတည်းသာ စုပြုံတက်ရသည်။ သို့သော် ခန်းမအတွင်းတွင် ထိုင်ကုန်မှာ တစ်ရာကျော်သာ ရှိသည်။ စောစောလာမှသာ နေရာရလေသည်။

အချို့သော အစေခံများမှာ သခင်လေးများကို ဆွဲခေါ်လာနိုင်သဖြင့် နေရာရကြပြီး အများစုမှာမူ ရှီမန်လို သခင်လေးများကို ကြောက်ကြသဖြင့် နောက်ကျကြလေသည်။

နေကထွက်လာချိန်တွင် ကျောင်းသားများ ရောက်လာကြလေသည်။ အများစုမှာ ထိုင်ခုံမရကြချေ။ သို့သော စောင့်ကြည့် ကျောင်းသားများ ရှိသဖြင့် မည်သည့် သခင်လေးမျှ နေရာဦးထားသူများကို အတင်း မောင်းမထုတ်ရဲချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now