အခန်း (၁၂၃) နောက်တစ်ယောက် သေဆုံးခြင်း

140 24 0
                                    


လက်ရှိကား နွေဦးရာသီဖြစ်၍ မြစ်ထဲမှ ရေခဲများ အရေပျော်ကာ မြစ်ရေကား စီးဆင်းနေသည်။ ကုန်သွယ်ရေး လမ်းများက ပြန်၍ ပွင့်လာပြီး စည်ကားလာသည်။ ကုန်သည်များနှင့် ခရီးသွားများက အနောက်လေ လမ်းမကြီး တစ်လျှာက်သွားလာ နေကြသည်။

ကုန်သည်တန်း တစ်ခုက အဝေးမှ တဖြည်းဖြည်း ပေါ်လာသည်။ သုံးမြှောင် လှည်းပက်လက်များ ပေါ်တွင် အလံများက တလူလူ ရှိနေသည်။ ထိုအလံများပေါ်တွင် "黎" (လီ) ဟုသော စာလုံး တစ်လုံးရေးထားသည်။ ထိုသည်မှာ ဝမ်ချွန်းမြို့ လီအိမ်တော် ကုန်သည်အဖွဲ့ပင်။

နောက်အလံတစ်ခုမှာ ခန့်ညားသော ခြင်္သေ့ပုံ ရှိလေသည်။ ထိုသည်မှာ ဝမ်ချွန်းမှ ခြင်္သေ့အစောင့် ကြေးစား အဖွဲ့ ဖြစ်ကာ ကုန်သည်တန်းကို အစောင့်အလျှောက် လိုက်ခြင်း ဖြစ်လေသည်။

ရှေ့ဆုံးရှိ အလံတွင်မူ ငွေရောင်လပုံ တစ်ခု ရှိလေသည်။ ထိုသည်မှာ လရောင်လှုံဂိုဏ်း၏ အမှတ်အသား ဖြစ်ကာ ကုန်သည်တန်းက လရောင်လှုံဂိုဏ်း၏ ပစ္စည်းများကို ပို့နေခြင်း ဖြစ်ကြောင်းပင်။

ဝမ်ကွေ့ကျောင်းက ရှေ့ဆုံးက လှည်းပေါ်တွင် လိုက်လာရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။

အသက်သုံးဆယ်ခန့် ရှိသည့် အစောင့်တစ်ယောက်က လှည်းတန်းမှ ခွာကာ ရေခပ်ရန်သွားလေသည်။ ဝမ်ကွေ့ကျောင်းက ထိုသည်ကို မြင်၍ လက်ညှိုးထိုးကာ ပြောသည်။

"ရွှေ့ရှုံး သောက်ရူး၊ မင်းက အချောင်ခိုပြန်ပြီလား ကိုယ့်နေရာ ကိုယ်ပြန်နေစမ်း"

ထိုအစောင့် စိတ်မပါ လက်မပါဖြင့် သူ့နေရာဖြစ်သော ဒုတိယလှည်းနား ပြန်သွားလိုက်သည်။ သူက ဓါးမော့ကို ကိုင်ထားရင်း ပွစိပွစိ ပြောလိုက်သည်။

"ဘာမှလဲ လုပ်စရာ ရှိတာ မဟုတ်ပဲနဲ့။ သူက အလကားနေ အာဏာပြနေတာ။ လရောင်လှုံဂိုဏ်း ပစ္စည်းပို့တာကို လိုက်ရတာက ပျင်းစရာ အကောင်းဆုံး ကိစ္စပဲ။ သူတို့ ပစ္စည်းကို ဘယ်သူက ထိရဲမှာလဲ"

နည်းနည်းအသက်ကြီးသော အစောင့် တစ်ယောက်က ရွှေ့ရှုံးနားကို ဆွဲလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now