အခန်း (၁၀၁) ဓါးအိမ်မှ ထွက်လာသော ဓါး

141 24 0
                                    

နောက်တစ်နေ့ မနက်တွင် ထန်ဂျီက ကျားဟိန်းသံ တောင်ကြားကိုသွားမည့်အစား နတ်ခန်းမ ခုနှစ်ခုဆီ ထွက်ခဲ့သည်။ ခန်းမစောင့် အဖိုးကြီးက ထန်ဂျီကို ကြည့်၍ ခေါင်းညိတ်သည်။

"မင်းက ဒီကို မလာတာအတော်ကြာပြီ"

"ကျွန်တော်က ကျားဟိန်းသံ တောင်ကြားကို တစ်လလောက် နေ့တိုင်းသွားနေတာ။ ကျွန်တော်က နည်းနည်း တိုးလက်လာပြီထင်လို့ နတ်ခန်းမကို လာပြီး အတည်ပြုချက် လာယူတာ"

"အိုး" အဖိုးအိုက ထန်ဂျီကို စုန်ဆန် ကြည့်လိုက်သည်။

"မင်းက နည်းနည်း ကွဲပြားပုံ ပေါက်နေတာ မထူးဆန်းတော့ဘူးပဲ။ မင်းက ကျားဟိန်းသံတောင်ကြားက တစ်ခုခု ရခဲ့တာ သေချာတယ်"

ထန်ဂျီက ခေါင်းခါသည်။

"ကျွန်တော်ခန္တာကိုယ်နဲ့ ကျင့်ကြံဆင့်က မပြောင်းပါဘူး။ ကျွန်တော်ရဲ့ စိတ်နဲ့ အကျင့်ပဲ ပြောင်းသွားတာ။ ကျွန်တော်က တောင်ကျားထဲမှာ သေရှင်တိုက်ပွဲတွေ အများကြီး ရုန်ကန်ခဲ့တယ်လေ။ နောက်ဆုံးတော့ အလင်းတစ်ချို့ ရလာလို့"

"အိုး အဲ့ဒီလိုလား" အဖိုးအိုက ခေါင်းညိတ်သည်။

"အဲ့ဒီလို ဆိုမှတော့ သွား... မင်းဘယ်လောက် တိုးတက်လာလဲ ကြည့်ရအောင်"

"အားပေးတဲ့အတွက် ကျေးဇူးပါ အကြီးအကဲ။ ကျွန်တော်က သေချာကို အရင်ဟာထက် ကျော်မှာပါ" ထန်ဂျီက ပြောလိုက်သည်။

သူက လက်ရှိတွင် နတ်ကာကွယ်ခန်းမ၌ အမှတ် ၉၉ မှတ် ရထားလေသည်။ နောက်တစ်ဆင့် ဆိုသည်မှာ အမှတ် တစ်ရာပင်။ အဖိုးအိုက ထိုစကားကြောင့် အတန်ငယ် အံ့အားသင့်သွားသည်။ အဖိုးအိုက ထန်ဂျီသည် ယခင်ထန်ဂျီနှင့် မတူတော့ကြောင်း ခံစားမိလိုက်သည်။

ယခင် ထန်ဂျီမှာ စိတ်အေး၊ သတိရှိ၍ ထိုသည်မှာ လူငယ်တက်ယောက်၏ တက်ကြွမှုနှင့် မတူပေ။ သူက အရမ်းကာရော စကားပြောခဲ့သည်။

သို့သော် ယနေ့တွင် ထန်ဂျီဆီမှ စွမ်းအင် တစ်မျိုး ထွက်နေသလိုပင်။

ထိုသည်က ယုံကြည်မှု စွမ်းအင်များ ဖြစ်ပြီး တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ဖြစ်လေသည်။ ထိုသည်က ဓါးအိမ်ထဲမှ ထွက်လာသော ဓါးတစ်ချောင်း၏ အရှိန်အဝါးမျိုး ဖြစ်ပြီး အေးစက်မှုနှင့် ထက်မြမှုကို လူတိုင်း မြင်နိုင်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tempat cerita menjadi hidup. Temukan sekarang