အခန်း (၁၂၇) နှစ်ဆင့်လိမ်

153 27 0
                                    

ဖုတ်...

ထန်ဂျီက မြေပေါ်တွင် လိမ့်၍ ကျသွားသည်။ သူ့အရိုးများက ကျိုးမတတ်ပင်။ သို့သော် သူက မော့ကြည့်လိုက်ချိန်တွေင် ပတ်ဝန်းကျင်သည် မြူများ ဆိုင်းနေသဖြင့် သူက ခပ်သဲ့သဲ ရယ်မောလိုက်သည်။

သူက နောက်ဆုံးတွင် တိမ်ထုစိမ့်တောထဲ ရောက်လာချေပြီ။

လက်ရှိမှာ သူတို့က စိမ့်တော၏ အလယ်သို့ ရောက်နေပြီး စိမ့်တောထဲတွင် ပြေးရင်းလွှားရင်း မြူများ၏ အကူအညီဖြင့် ကုချန်ချင်းက ဝူရှန့်ကွမ်းကို မျက်ခြေဖြတ်နိုင်ခဲ့လေသည်။ သူက အတော်လေး ပင်ပန်းနေပြီး မြေပြင်တွင်ထိုင်ကာ အမောဖြေနေလေသည်။

ယခင်တိုက်ပွဲတွင် သူက ဒဏ်ရာ ရခဲ့သလို အတော်ပြေးလွှားခဲ့ရသဖြင့် ချီလည်း အတော်လေး ကုန်သွားသည်။ သူက အတော်အားနည်းနေလေသည်။ စိမ့်မြေတစ်ခုလုံးက တိတ်ဆိတ်နေပြီး မြေမာမာ ရှိသော နေရာက နည်းလေသည်။ ကုချန်ချင်းက ပတ်ဝန်းကျင်တွင် ထောက်ချောက်များ ရှိမရှိလေ့လာလိုက်သည်။

သူတို့က သစ်ပင်သေများ ကြားတွင် ရောက်နေခြင်းဖြစ်ပြီး နေရာင်က မြူများကို မထိုးဖောက်နိုင်ပဲ ပတ်ဝန်းကျင်က စိုစွတ်၍ မှုန်မှိုင်းနေလေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ပိုးမွှားများ အသံမှလွဲ၍ အခြားအသံ မရှိချေ။

တိမ်ထုစိမ့်မြေမှာ သူတော်စင် တိုင်းပြည်တွင် နာမည်ကြီးဖြစ်ပြီး အလွန် ခေါင်သီသော နေရာ ဖြစ်လေသည်။ ထိုနေရာတွင် ရွှံ့မြေများ၊ ရေအိုင်များ၊ အဆိပ်ပိုးမွှားများ၊ သားရဲများ၊ ရုက္ခစိုးများ တစ္ဆေများနှင့် မိစ္ဆာများမှလွှဲ၍ အခြား မရှိချေ။ လူအချို့မှာလွဲ၍ ဤနေရာသို့ မည်သူမျှ မလာချေ။

ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် ကုချချင်းက ထရပ်လိုက်သည်။ သူက ထန်ဂျီကို ဆွဲ၍ သစ်ခြောက်ပင် တစ်ပင် ရှိရာ ပစ်လိုက်၍ ပြောလိုက်သည်။

"ဘာလို့လဲ။ ဘာလို့ မင်းက ဒီလိုလုပ်တာလဲ။ မင်းက ဘာလို့ နတ်ခေါင်းနန်းတော်ကို ဒီလောက် မုန်းပြီး ဘာလို့ ဒီလောက် ရင်းပြီး လုပ်ရတာလဲ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now