အခန်း (၅၃) လျှို့ဝှက်ချက်

192 33 0
                                    

ထန်ဂျီက သူကျင့်ကြံမည့် ကျင့်စဉ်ကို ရွေးလိုက်သည်နှင့် ဝေထျန်းချောင်လဲ ရွေးလိုက်လေတော့သည်။

'စူဠပင်လယ်ခရုပတ်အမြုတေကျမ်း"

ထိုကျင့်စဉ်မှာ စူဠပင်လယ်နေရာတွင် ချက္ကရကို ဖွင့်သည် ကျင့်စဉ်ဖြစ်သော်လည်း ထူးခြားသည့် ဓါတ်သဘာဝ မပါချေ။ ထိုကျင့်စဉ််ကို ကျင့်လျှင်မူ တိုက်ပွဲများအတွင်းတွင် ချီစွမ်းအင်ကို ရှည်ကြာစွာ ထောက်ပံ့ပေးနိုင်သည့် ကောင်းကျိုး ရှိလေသည်။

စူဠပင်လယ်မှာ လရောင်လှုံဂိုဏ်းတွင် တည်နေရာ အကောင်းဆုံးတွင် ဖွဲ့တည်သည့် ချက္ကရဖြစ်ကာ ကျောင်းသား အများစုက ရွေးချယ်တတ်လေသည်။ အချို့သော ထူးခြားသည့် လိုအပ်ချက်ရှိသည့် တပည့်များသာ အခြား လမ်းစဉ်များကို ရွေးတတ်ကြသည်။

စူဠပင်လယ်ချက္ကရဖွင့် ကျင့်စဉ်များထဲတွင် စူဠပင်လယ် ခရုပတ်အမြုတေကျင့်စဉ်က အလွယ်ဆုံးပင်။

ထို့ကြောင့် ဝေထျန်းချောင်က အလွယ်ဆုံးနှင့် အကောင်းဆုံးကို‌ ရွေးခဲ့ခြင်း ဖြစ်သည်။

ရှီမန်ကမူ စမ်းရေရောင်ပြန်ကျမ်းကို ရွေးသည်။

စမ်းရေစွမ်းအင် သွေးကြောမှတ်မှာ မွမ်းမံခြင်းကို အသားပေးပြီး တိုက်ပွဲတွင် သိပ်အသုံးမဝင်ချေ။ ထိုကျင့်စဉ်ကို ကျင့်ကြံသူများမှာ အသက်ရှည်ခြင်းနှင့် အဆင့်တက် လွယ်ခြင်းဟူသော အကျိုးကျေးဇူး ရလေသည်။ ထိုကျင့်စဉ် ကျင့်ကြံသူများအနေဖြင့် ဥတုပြောင်းမန္တာန်လို ပညာမျိုးကို အသုံးချလျှင် အခြားသူများထက် ပို၍ ကောင်းမွန်တတ်သည်။ ရှီမန်က ကျင့်ကြံခြင်း အဆင့်တက်ရန်သာ ရည်ရွယ်ပြီး အခြားသူများနှင့် ပြိုင်ဆိုင်ရန် စိတ်မဝင်စားချေ။

သူက ပျှမ်းမျှ ပါရမီသာ ရှိ၍ ကျင့်ကြံခြင်းတိုးရန် အထောက်အကူဖြစ်စေသည့် ကျင့်စဉ်ကိုသာ ရွေးသည်မှာ ဓမ္မတာပင်။ အချို့သော ပါရမီရှင်များမှာ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး တစ်ခါတစ်ရံ မသင့်လျှော်သော ကျင့်စဉ်များ ရွေးမိကြပြီး သာမာန်ပါရမီရှိသူများထက်ပင် နောက်ကောက်ကျ ကျန်ရစ်တတ်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Onde histórias criam vida. Descubra agora