အခန်း (၉၉) သွားလိုက် လာလိုက်

149 33 1
                                    

သုံးရက် အနားယူပြီးနောက် ထန်ဂျီက ကျားဟိန်းသံတောင်ကြားကို ပြန်လာခဲ့သည်။ ယခုအကြိမ်တွင် သူက ပို၍ အတွေ့အကြုံ ရှိလာသဖြင့် ယခင်လို မြွေလိုက်ခံရသည့် အဖြစ်မျိုး မရှိတော့ချေ။ တစ်ရက်က လျှင်မြန်စွာ ကုန်သွားသည်။ သူက ရရှိသည်များကို တွက်ကြည့်လိုက်ရာ ဝင်ကြေးနှင့် အကြွေးကို နှုတ်လိုက်လျှင် အနည်းငယ် မြတ်ကြောင်း တွေ့ရလေသည်။ သူက အမဲဆက်မလိုက်တော့ပဲ ကျားဟိန်းသံတောင်ကို သွားလိုက်သည်။

သူကကျောက်စာတိုင်ရှေ့မှာ ရပ်နေသည်။ ကျားကလည်းက တောင်ထိပ်ရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသည်။

ကျားက ထန်ဂျီကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထန်ဂျီက ပြုံးလိုက်ကာ လမ်းစလျှောက်လသည်။

တစ်လှမ်း

နှစ်လှမ်း

သုံးလှမ်...

ဆယ်လှမ်းမြောက်တွင် ထန်ဂျီက ရပ်လိုက်သည်။

ကျားက ထန်ဂျီကို မတိုက်တိုက်ချေ ဒီတိုင်း ဆက်ကြည့်နေသည်။ ထန်ဂျီက ဆက်လှမ်းသည်။ သူက တစ်လှမ်းချပြီးနောက် ရပ်လိုက်သည်။

ဝှစ်

လေတစ်ချက် တိုက်သွားသည်။

ကျားက ခုန်အုပ်သည်။

ထန်ဂျီက ခရမ်းလျှပ်စီးခုန်ပျံကို သုံးကာ နောက်သို့ ခုန်လိုက်သည်။

ကျားဟန်းသံက လွင့်ပျံသွားသည်။ သို့သော် ယခုတစ်ခါတွင် ထန်ဂျီက အသာသာ တုန်သွားက သူ့ပညာကိုမူ ပျက်မသွားစေချေ။

ကျား၏ ကြီးမားသော လက်သည်းက ကျောက်တုံးပေါ်ကျသွားပြီး ကြေမွှသွားသည်။ ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်တွင် ထန်ဂျီက အစီအရင် အပြင်ကို ရောက်နေပြီ ဖြစ်ပြီး သူ့လက်တွင် သွေးများ စီးကျနေသည်။

ကြေမွှသွားသော ကျောက်တုံးက အလိုလို ပြန်ကောင်းသွားသည်။ ကျားက နောက်ကို သုံးလေးလှမ်းပြန်ဆုတ်ကာ တစ်ချက် ဟောက်လိုက်ပြီးနောက် ပြန်လှည့်သွားသည်။ ထန်ဂျီက ခြေတစ်လှမ်း တိုးကြည့်လိုက်သော်လည်း ကျားက တစ်ချက်သာ လှည့်ကြည့်ကာ ဆက်သွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now