အခန်း (၂၇) ပြိုင်ဘက် အသစ်

205 34 0
                                    


ဂျီကျိချန်က ဧည့်ခန်းမတွင်ရပ်၍ ကျန်းရှုဖန်ကို ဦးညွှတ်လိုက်သည်။

"ကျိချန်က ဒေါ်လေးကို နှုတ်ဆက်ပါတယ်"

ကျန်းရှုဖန်က ဂျီကျိချန်ကို အကဲခတ်နေသည်။ ထိုကောင်လေးကား ရုပ်ရည် အသင့်အတင့်ရှိကာ ယဉ်ကျေး သိမ်မွေ့သဖြင့် သူမက သဘောကျသွားသည်။

"နင်က အခု အသက်ဘယ်လောက် ရှိပြီလဲ"

"(၁၃)နှစ်ပါ။ ချောင်အာနဲ့ တစ်နှစ်တည်း မွေးပြီး လပိုင်းပဲ ကြီးတာပါ။ ယောင်းမက ဘယ်လိုလုပ် မေ့သွားတာလဲ" ပြောလိုက်သည့်သူကား ကျန်းရှုဖန်နားတွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်သည်။ သူမက ခမ်းနားသိုက်မြိုက်စွာ ဝတ်ဆင်ထားသော်လည်း ကျန်းရှုဖန်ထက် အနည်းငယ် နိမ့်ကျပုံ ပေါ်လေသည်။

သူမက ဝေလန်ရှင် ဖြစ်ပြီး ဝေတပိုင်၏ ညီမဖြစ်ကာ အခြားမိသားစုတွင် အိမ်ထောင်ကျထားသူဖြစ်သည်။

ကျန်းရှုဖန်က သူမ၏ နှဖူးကို ရိုက်၍ ပြောသည်။ "ငါက အိုလာပြီပဲ။ အရင်လို ဉာဏ်မကောင်းတော့ဘူး။ ကျိချန် ဒီကို လာမလည်တာ ကြာပြီ မဟုတ်လား"

"နှစ်နှစ်နဲ့ လေးလရှိပါပြီဒေါ်လေး"

"အင်း.. နင်က မှတ်ဉာဏ်ကောင်းသားပဲ"

"ကျိချန်က အမြဲတမ်း ဝေအိမ်တော်ကို သတိရပါတယ်။ ဒါပေမယ့် လာဖို့က ဝေးလွန်းတော့ တစ်ခါ အလည်ရောက်တာကို မှတ်မိနေတာပါ"

"နင်က စကားပြော ကောင်းတဲ့ ကလေးပဲ" ကျန်းရှုဖန်က သဘောကျသွားပြီး ဝေလန်ရှင်းဖက်သို့ လှည့်ကာ ပြောသည်။

"နင့်သားက မဆိုးဘူးပဲ"

"နင်က သူလိမ္မာတယ်ထင်ရင် အခွင့်အရေးရှိနိုင်မယ် ထင်လား" ဝေလန်ရှင်းက ပြုံး၍ ပြောသည်။

ကျန်းရှုဖန်က အလျင်လိုပုံ မပေါ်ချေ။

"ဂျီကျိချန်က ဂျီမိသားစုက ကလေးပဲ။ တစ်ကယ်လို့ ချောင်အာရဲ့ အစေခံကျောင်းသား လုပ်မယ်ဆိုရင် ငါတို့က လွန်သလို ဖြစ်နေမလား"

"မဖြစ်ပါဘူး" ဝေလန်ရှင်းက လက်ကို ယမ်းရင်း ပြောသည်။

"ကျိချန်က ဝေမိသားစုကို ဝင်နိုင်တယ်ဆိုတာ ကောင်းတာပဲလေ။ ဒါက တောင်းပန်ရင်တောင် ရမယ့်ဟာ မဟုတ်ဘူး။ ငါတို့ မိသားစုက ကုန်ကျစရိတ်အားလုံးပေးမယ်။ နေရာ တစ်နေရာ ရရင် ရပြီ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now