အခန်း (၉၇) အကျဉ်းသား

145 31 0
                                    


ထန်ဂျီက ရွှေအပ်ကို ရှာရန် အချိန် အတော်ပေးလိုက်ရသည်။ ထို့နောက် သူက တိုက်ပွဲလက်စများနှင့် အစီအရင်ကို သိမ်းလိုက်သည်။ သူက သစ်အမြုတေစေ့ကို ယိယိဆီ ပစ်ပေးလိုက်သည်။ "ဒါက နင့်ဖို့ ငါက ဒီခရီးမှာ ဒါရမယ်လို့ မှန်းမထားဘူး" "ဒါက ဘာကြီးလဲ" ယိယိက အစေ့ကို ကြည့်နေသည်။ ထို့သစ်စေ့မှာ သံလွင်စေ့နှင့် တူနေသည်။ မြစိမ်းရောင် တောက်နေပြီး အပေါက်တစ်ပေါက် ရှိနေကာ အထဲမှ အစိမ်းရောင် အရည်များ စိမ့်ထွက်နေသည်။ "ဒါက ရုက္ခစိုး အမြုတေပဲ။ ရှိရှိသမျှ အဆီအနှစ်တွေက အဲ့မှာ စုနေတာ" ထန်ဂျီက ဖြေလိုက်သည်။ "ရုက္ခစိုး အမြုတေ၊ သားရဲ အမတေ၊ တစ္ဆေဆီနဲ့ ဘီလူးချဉ်ဆီဆိုတာ အဲ့ဒီ အကောင်လေးမျိုးရဲ့ တစ်ကယ့် ရတနာတွေပဲ။ ဒါက သစ်ပင် ရုက္ခစိုးရဲ့ အမြုတေပဲ။ အဲ့ဒီတစ်ခုတည်းကကို ပိုက်ဆံ အများကြီး တန်တယ်။"ဒါဆို စောစောက ဝံပုလွေမှာကျ အမတေ ဘာလို့ မရှိတာလဲ။" ယိယိက မေးလိုက်သည်။ "ရုက္ခစိုးတွေကကျ သွေးအဆီအနှစ် နည်းတယ် ဘာလို့လဲ ဆိုတော့ သူတို့မှဦ သွေးသား ခန္တာမရှိလို့။ ဒါပေမယ့် သူတို့ကကျတော့ ချီစွမ်းအင်က တစ်ဆင့် အဆီအနှစ်တွေ စုပ်ယူနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ခန္တာကိုယ် အစိတ်အပိုင်း အများစုက ဘာမှ မတန်ဘူး။ အဆီအနှစ်တွေက အဲ့ဒီနေရာမှာ စုနေတတ်လို့ပဲ။ သားရဲတွေကျတော့ သူတို့မှာ သွေးသား ခန္တာရှိလို့ ရုက္ခစိုးတွေနဲ့ ကွာတယ်။ အဲ့ဒါကကျတော့ သူတို့က ချီစွမ်းအင် စုပ်ယူမှုက ရုက္ခစိုးတွေလောက် မများဘူး။ ဒါပေမယ့် ချီကသူတို့ ခန္တာကိုယ်ကို ပျံ့နှံ့နေတော့ ခန္တာကိုယ် အစိတ်အပိုင်းတွေက အဖိုးတန်တာတွေ ဖြစ်လာတယ်။ အဲ့ဒါကပဲ သားရဲအမတေ ဖွဲ့ဖို့အတွက် ခက်ခဲလာစေတယ်။ အမတေ ဖွဲ့နိုင်တဲ့သားရဲက စွမ်းအားကောင်းတဲ့ ကောင်ပဲ။ ငါတို့က အဲ့ဒီလို သားရဲမျိုးနဲ့ တွေ့ရင် ဘာမှန်းမသိပဲနဲ့တောင် သေသွားနိုင်တယ်။ ဒီသစ်ပင် ရုက္ခစိုးကကျတော့ အသက်ရှင်တာ ကြာလှပြီးတော့ ချီအများကြီး စုပ်ယူထားတာ။ သူက အဆင့်နိမ့်ဆိုပေမယ့် ရုက္ခစိုး အမြုတေ ဖွဲ့နိုင်တာ မဆန်းဘူး။ ဒီအမြုတေက ဖွဲ့တာ ကြာသေးပုံတော့ မရဘူး သေးတယ်။ လွန်ရော ကျွံရော တန်လှ ချီဒင်္ဂါးလေးရာပဲ" "ဒါကို ဘယ်လို သုံးရတာလဲ""သုံးရတာတော့ အများကြီးပဲ။ ဆေးဖော်လို့ ရတယ်။ အဆောင်လုပ်လို့ ရတယ်။ အစီအရင် လုပ်လို့ ရတယ်။ ရလာဒ်ကတော့ နည်းလမ်းတွေပေါ် မူတည်ပြီး ကွာတာပဲ။ နောက်ပြီး ဒီကောင်က သစ်သားဓါတ် ကြွယ်ဝပြီး အသက်ဓါတ်ပါတော့ နင်စားလိုက်ရင် နင့်အတွက် အများကြီး အကျိုး ဖြစ်မှာ""ဒါက ပစ္စည်းကောင်းဆိုရင် အစ်ကိုကြီးက ရောင်းသင့်တာပေါ့။" ယိယိက ထန်ဂျီလည်ပင်းကို ဖက်ရင်း ပြောလိုက်သည်။ သူမက သိပ်မသိတတ်သေးသော်လည်း ထန်ဂျီ၏ အခြေအနေနှင့် ငွေရေးကြေးရေး အခက်အခဲကို သိလေသည်။ ဤမျှတန်သော အမြုတေကို သူမက စားလိုက်ပါက အမှန်တစ်ကယ် ဆုံးရှုံးမှု ဖြစ်သွားပေမည်။ "ငတုံးမလေး နင်စားတာကမှ တစ်ကယ့် အသုံးဝင်တာဟဲ့။ ပြီးတော့ အဲ့ဒီ အစေ့က ပေါက်နေလို့ အဆီတွေက စိမ့်ထွက်နေပြီ။ နင်အခု မစားလို့ အဆီအကုန် ထွက်သွားမှ တစ်ကယ့် အရှုံး ဖြစ်မှာ" သစ်ပင် အမြုတေနှင့် သားရဲအမတေများမှာ တန်ဖိုးရှိသော အရာများ ဖြစ်ပြီး ထိုအကောင်များ၏ အသက်စွမ်းအင်များ သိမ်းထားလေ့ရှိသည်။ သေလုမျောပါး အခြေအနေများတွင် သူတို့က ထိုထဲမှ အသက်စွမ်းအင်ကို ထုတ်ယူသုံးစွဲလေ့ ရှိသည်။ ထို့ကြောင့် ပြည့်စုံသော သားရဲ အမတေများနှင့် သစ်ပင် အမြုတေများ ရရန်မှာ ခက်ခဲလေသည်။ ထိုသည်ကို ကြား၍ ယိယိက ဘာမျှ ပြန်မပြောတော့ပဲ မြိုချလိုက်လေသည်။ သူမက မြိုချလိုက်သည်နှင့် သူမမျက်နှာက အစိမ်းရောင် စွမ်းအင်များ ဖြာထွက်လာပြီး ချီစွမ်းအင်များကို တစ်ကိုယ်လုံးတွင် ပြည့်သွားသည်။ သူမ၏ ခန္တာကိုယ်မှာ တစ်ဖြည်းဖြည်း ထွားလာပြီး မွေးကင်းစ ကလေးအရွယ်ဖြစ်လာလေသည်။ ထိုသည်က ယခင်ထက် နှစ်ဆမကပင် ကြီးလာခြင်း ဖြစ်သည်။ ထိုမျှပင်မဟုတ်ချေ သူမ၏ အရည်ပြားတွင် ငွေရောင် အမျှင်တန်းများ ပေါ်လာပြီး အရည်ပြားအောက်တွင် အလင်းများ စီးဆင်းနေသကဲ့သို့ပင်။ ထန်ဂျီက မျက်မှောင် ကြုတ်လိုက်သည်။ "ချီက ခန္တာကိုယ်မှာ ပြည့်နက်သွားပြီး၊ ပုံရပ်ပေါ်လာပြီး ထုထည် စုစည်းဖို့ ခက်နေ...." သူက ဓါးဖြင့် သူ့လက်ကို လှီးလိုက်ကာ ယိယိကို ပြောလိုက်သည်။ "ယိယိ... သောက်" ယိယိ၏ ဝမ်းဗိုက်မှာ ဟာနေပြီး အလွန်ဆာလောင်နေသည်။ ထန်ဂျီက လက်ကို ထိုးပေးလိုက်သည်နှင့် သူမက ဖက်ကာ သွေးကို သောက်တော့သည်။ သူမ၏ သွေးသောက်ပုံမှာ အငမ်းမရ ဖြစ်နေသည်။ ထန်ဂျီက သူ့ခန္တာကိုယ်မှ သွေးများအားလုံး ယိယိက စုပ်ယူသွားသည်ဟုပင် ထင်နေသည်။ ထန်ဂျီက ထိုသည်မှာ မကောင်းဟု တွေးလိုက်သည်။ ယိယိက ချီများများ စုပ်ယူလေ သူမကိုယ် သူမ မွမ်းမံရန် သွေးစွမ်းအား များများ လိုလေပင် ဖြစ်သည်။ ယိယိက ရုက္ခစိုး အမြုတေကို စားထားသဖြင့် ချီများစွာ စုပ်ယူထားသဖြင့် သွေးစွမ်းအား များစွာ လိုလေသည်။ သူမအား ဆက်သောက်ခွင့် ပြုလိုက်ပါက ထန်ဂျီ၏ သွေးများ ကုန်သွားလောက်ကာ လများစွာပင် ပြန်မပြည့်နိုင်လောက်ချေ။ သူက အတော် အလျင်လိုသွားကြောင်း သိလိုက်သည်။ သူက စာများဖတ် သင်ခန်းစားများတွင် ထိုအကြောင်းကို သိခဲ့သော်လည်း တစ်ကယ့် လက်တွေ့ကြုံမှသာ သဘောပေါက်လေသည်။ ယိယိက သွေးပိုသောက်လေ သူမ၏ ဖောက်မြင်နေရာသော ခန္တာက တဖြည်းဖြည်း နီလာလေသည်။ ထန်ဂျီက ယိယိသည် အရေးပါသော အနေအထားသို့ ရောက်နေကြောင်း သိလိုက်၍ ထန်ဂျီက အံကို ကြိတ်လိုက်ကာ ကျောင်းရှန်းကို သတ်စဉ်က ရထားသည့် မိစ္ဆာသွေးဆေး တစ်လုံးကို ထုတ်၍ သောက်လိုက်သည်။ မိစ္ဆာ သွေးဆေးလုံးမှာ သွေးသန့်စင်သားရဲ၏ အမတေမှ လုပ်ထားခြင်း ဖြစ်သည်။ သောက်ပါက သွေးစွမ်းအင်များ တိုးတက်စေသည်။ ထို့ကြောင့်သွေးစွမ်းအင်များ တိုးတက်ကာ ယိယိအား ထောက်ပံ့ပေးရန် သူက သောက်ခြင်း ဖြစ်သည်။ သူက အတန်ကြာ အားနည်းနေမည် ဖြစ်သော်လည်း သူ၏ အုတ်မြစ်ကို မထိခိုက်စေချေ။ ဆေးသောက်လိုက်ခြင်းကြောင့် ထန်ဂျီ၏ သွေးစွမ်းအင်များက ချက်ချင်း တိုးလက်လာသည်။ ယိယိက သွေးကို ဆက်သောက်နေသည်။ ယိယိ၏ ဖြူဖွေး၍ ဖောက်ထွင်းမြင်ရသော ခန္တာကိုယ်မှ ပုံမှန် အသားကဲ့သို့ ပြန်ဖြစ်လာကာ သွေးရောင်များ ပြန်လွှမ်းလာတော့မှ သူမက လက်ကို လွှတ်ပေးလိုက်သည်။ သူက အသက် တစ်ချက် ရှုသွင်းလိုက်ပြီးနောက် ခေါင်း ငိုက်စိုက်ကျကာ အိပ်ပြော်သွားသည်။ ထန်ဂျီက ထိုသည်ကို ကြည့်၍ ဆွံ့အသွားသည်။ ယိယိက မိစ္ဆာသွေးဆေးလုံးမှ တိုးတက်လာသော သွေးစွမ်းအင်များကို အကုန် စုပ်ယူမသွားသဖြင့် သူက ဆေးစွမ်းအင် အနည်းငယ် ကျန်နေသေးကာ အင်အားများ ပြည့်နေသည်။ ထန်ဂျီက လက်ရှိ အင်အားမှာ အချိန်အများကြီး မခံကြောင်း သိလေသည်။ ထို့ကြောင့် သူက အမဲ ဆက်မလိုက်ချေ။ သူက ယိယိကိုချီလိုက်ပြီး ပစ္စည်းများကို ထုတ်လိုက်ကာ ယခင်နားခဲ့သည် စမ်းရေကန်နားသို့ ပြန်လာလိုက်သည်။ သို့သော် ကျားကို တောင်ထိပ်တွင် မတွေ့တော့ချေ။ ထန်ဂျီက တဖြည်းဖြည်းဖြင့် တောင်ပေါ် တက်လာခဲ့သည်။ ကျောက်တုံးနက်များ စီထားသည့် တောင်တက်လမ်းအတိုင်း သူက တက်လာခဲ့ပြီး ထန်ဂျီက လေးပုံသုံးပုံ ခန့် ရောက်လာလေသည်။ ထိုနေရာတွင် ကျောက်တိုင် တစ်တိုက် ရှိပြီး စာများ ရေးထားသည်။ "သားရဲ ချုပ်နှောင် ကျောက်တိုင်" ကျောက်တိုင်မှာ တောင်ထိပ်သို့ သွားရာ လမ်းခုလတ်တွင် ရှိနေသည်။ ကျောက်တိုင်၏ အလွန်တွင် စီထားသော ကျောက်တုံးနက်များမှာ အနီရောင် ဖြစ်နေသည်။ အနီနှင့် အနက် ပိုင်းခြားထားရာ နေရာမှာ ကျားလှောင်အိမ်ရှိရာ တောင်ထိပ်နှင့် အပြင်ဘက်လမ်းကို ခြားထားသည့် နယ်စပ် ဖြစ်လေသည်။ ကျောက်တိုင်ကို ကျော်၍သွားပါက သူက ကျားကိုလှောင်ထားရာ အစီအရင်အတွင်း ရောက်မည် ဖြစ်သည်။ နှစ်စဉ်လိုလိုပင် ကျောင်းသားများက ထိုလှောင်အိမ်အတွင်း ဝင်ကာ ကျားကို သတ်ရန် ကြိုးစားကြလေသည်။ တစ်ခါတစ်လေတွင် ကျင့်ကြံသူများအတွက် နိုင်ခြင်း ရှုံးခြင်းက အရေးမပါချေ။ သူတို့၏ အစွမ်းကုန် တိုက်ခိုက်ခြင်း အတွေ့အကြုံက အနာဂတ်အတွက် အရေးပါလေသည်။ ထန်ဂျီက ကျောက်စာတိုင် ရှေ့တွင် ရပ်နေသည်။ သူက ကျောက်စာတိုင်ကို ကြည့်၍ တစ်ခုခုကို စဉ်းစားနေသည်။ အတန်ကြာပြီးနောက် သူက တစ်လှမ်းတိုးလိုက်သည်။ သူ့ခြေလှမ်းက အနီရောက် ကျောက်တုံးလမ်းပေါ် နင်းမိသွားသည်။ "ဝေါင်း" ကျားဟိန်းသံ တစ်ခုက တောင်ထိပ်မှ ထွက်လာလေသည်။ ကျားက ပြန်၍ ပေါ်လာပြီး ကျောက်တုံးကြီးပေါ်တွင် ရပ်ကာ ထန်ဂျီကို ကြည့်နေသည်။ ထန်ဂျီ၏ ခြေတစ်ဖက်က အနီရောင် ကျောက်တုံးပေါ်တွင် နင်းထားကာ တစ်ဖက်က အနက်ရောင် ကျောက်တုံးပေါ်တွင် ရှိနေသည်။ သူက နယ်စပ်ကို ခွနင်းထားရင်း ကျားကို လှမ်းကြည့်လိုက်သည်။ လူနှင့်ကျားက မျက်လုံးခြင်း ဆုံသွားသည်။ ထန်ဂျီက နောက်ခြေကို မြှောက်၍ ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူက တစ်ကိုယ်လုံး အစီအရင်တွင်း ဝင်သွားပြီ ဖြစ်သည်။ ကျားက သူ့ကို စိုက်ကြည့်နေကာ မလှုပ်ရှားချေ။ ထန်ဂျီက နောက် တစ်လှမ်းလှမ်းလိုက်သည်။ နောက်တစ်လှမ်း နောက်တစ်လှမ်း။ ထန်ဂျီက ကျားကို ကြည့်နေရင် တဖြည်းဖြည်း လှမ်းလာသည်။ ဆယ်လှမ်းမြောက် အရောက်တွင် ကျားက လှုပ်ရှားလိုက်သည်။ ကျားက ကျောက်တုံးပေါ်မှ ခုန်ဆင်းလာသည်။ ထန်ဂျီက ပြန်၍ နောက်ဆုတ်သည်။ သူက တစ်လှမ်း ဆုတ်လိုက်သည်။ "ဝေါင်း"ကျား၏ ကျယ်လောင်သော ဟိန်းသံက ထန်ဂျီအား ရပ်တန့်သွားစေသည်။ သူသုံးရန် ပြင်လိုက်သည့် ခရမ်းလျှပ်စီး ခြေလှမ်းက ကျားဟိန်းသံကြောင့် ပြည့်ဝစွာ မလည်ပတ်နိုင်ပဲ လမ်းတစ်ဝက်တွင် ရပ်သွားသည်။ သူက ဒီတိုင်းသာ နောက်ဆုတ်နိုင်လေသည်။ သူက နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။ သားရဲက လေထဲတွင်သာ ရှိနေသေးသည်။ ထန်ဂျီက ခြေလှမ်း ခြောက်လှမ်းအထိ ဆုတ်လိုက်သည်။ သူက ခြေလှမ်း လေးလှမ်းအထိ ဆုတ်ပြီးချိန်တွင် ကျားက လျပ်စီးကဲ့သို့ ပေတစ်ရာခန့် လျှင်မြန်စွာ ခုန်ဝင်လာသည်။ သူက ခြေလှမ်း ခုနှစ်လှမ်းအထိ ဆုတ်လိုက်ပြန်သည်။ ကျားက သူ့ရှေ့ရောက်လာသည်။ လေသံများက ဆူညံနေသည်။ သူက ရှစ်လှမ်းမြောက် ဆုတ်လိုက်သည်။ ကျား၏ လက်တစ်ဖက်က သူ့အား ပုတ်ချလိုက်သည်။ ထန်ဂျီက နောက်သို့ ယိုင်၍ ရှောင်လိုက်သည်။ လက်သည်းက သူ့မျက်နှာ ရှေ့မှ ဖြတ်သွားကာ ခြေထောင်ကို ဖြတ်သွားပြီး သွေးများ ဖြာခနဲ ကျသွားသည်။ "ဘုန်း" အလင်းနှင့် လေများက ပေါက်ကွဲသွားသည်။ မြေပြင်နှင့် ထိသွားသော လက်သည်းက ဗုန်းတစ်လုံး ကျသွားသကဲသို့ ဖြစ်ကာ ကျောက်စ ကျောက်နများ လေထဲတွင် ပျံထွက်သွားကာ ထန်ဂျီကို ကျည်ဆန်များကဲ့သို့ လာမှန်လေသည်။ သွေးများ ဖြာခနဲ့ ထပ်ထွက်လာသည်။ ထန်ဂျီက သွေးအန့်လိုက်ကာ နောက်ဆုတ်သွားသည်။ သူက ကိုးလှမ်းမြောက် ဖြစ်သွားပြီ ဖြစ်သည်။ နောက်တစ်လှမ်းဆိုလျှင် အပြင်ရောက်တော့မည် ဖြစ်လေသည်။ ထိုအချိန်တွင် ကျောက်ဆူး တစ်ခုက မြေပြင်မှ ထွက်လာပြီး ထန်ဂျီ၏ ဖိနပ်ကို ဖောက်ဝင်သွားသည်။ ထန်ဂျီက ခုန်လိုက်သည်။ ကျားကလည်း ထန်ဂျီနှင့် အတူ ခုန်လိုက်ပြီး လည်ပင်းကိုခဲရန် ဝင်လာသည်။ လေထဲတွင်ထန်ဂျီက မရှောင်နိုင်ချေ။ သူက နောက်သို့ တတ်နိုင်သမျှ အရှိန်ယူရန်သာ ကြိုးစားလိုက်ရသည်။ အချိန်များက နှေးသွားပုံပင်။ သူက လေထဲမှ နောက်သို့ ဆုတ်သွားသည်။ ကျား၏ ပါးစပ်က လေထဲမှ လိုက်လာသည်။ ထန်ဂျီက ထိုကိုက်ချက်၏ အားကို လျှော့မတွက်ချေ။ သူ၏ မာကျောသော အရည်ပြားပင် ခံနိုင်မည် မဟုတ်ချေ။ ပါးစပ်ထဲမှ သွားများက သူနှင့် တစ်ဖြည်းဖြည်း နီးလာပြီး မြင်ကွင်းကိုပင် ဖုံးတော့မတတ် ဖြစ်လာသည်။ အေးစက်မှု တစ်ခုက သူအား ထိသွားသည်။ သွားများက သူ့ကို ထိချိန်တွင် ရွှေရောင် ပိုက်ကွန်တစ်ခုက လေထဲတွင် ပေါ်လာလေသည်။ ထန်ဂျီက ထိုပိုက်ကို လေကဲ့သို့ပင် ဖြတ်သန်းသွားသည်။ သို့သော် ကျားက ပိုက်ကွန်တွင် ခံသွားလေသည်။ လျပ်စီးများက ပိုက်ကွန်တွင် ဖြစ်ပေါ်လာပြီး ကျားကို မိုးကြိုးများ ပစ်ချလေသည်။ "ဝေါင်း" ကျားက နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ထန်ဂျီက နောက်ဆုံးတွင် အစီအရင်မှ ထွက်လာလေသည်။ သူက မြေပေါ်တွင် ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။ သူက ကျားသည် ပိုက်ကွန်တွင်းမှ ဒေါသတကြီး ဟိန်းဟောက်နေကြောင်း တွေ့လိုက်ရသည်။ ကျားက ပိုက်ကို ခေါင်းဖြင့် ဝင်ဝင်တိုးသည်။ လက်သည်းဖြင့် ကုတ်သည်။ မိုးကြိုးလျပ်စီးများက ကျားအား တစ်ခြိမ်းခြိမ်း ပစ်နေလေသည်။ နောက်ဆုံးတွင် ကျားက လဲကျသွားသည်။ ကျားက မောပန်းစွာဖြင့် လဲနေသော်လည်း ထန်ဂျီကို စိုက်ကြည့်နေသည်။ ထန်ဂျီက ထိုမျက်လုံးများမှ အမုန်းတရားကို တွေ့ရလေသည်။ ကျားနှင့် လူတို့က အချင်းချင်း စိုက်ကြည့်နေကြသည်။ ထန်ဂျီက ဘာမျှ မပြောချေ။အတန်ကြာပြီးနောက် ကျားက ထရပ်လိုက်သည်။ ထို့နောက် တောင်ထိပ်သို့ မတည်ငြိမ်သော ခြေလှမ်းများဖြင့် လှမ်း၍ တက်သွားလေသည်။ ထန်ဂျီက ကျား ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေလိုက်သည်။ အလွန်ပင်ပန်းမှုက သူ့အား ဖုံးလွှမ်းသွားသည်။ ထန်ဂျီက သူ၏ ကျားဟိန်းသံတောင်ကြား စွန့်စားခန်းမှာ ပြီးပြီဟု သိလိုက်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now