အခန်း (၂၁) ရှုခင်းသာ ပန်းခင်း

205 27 0
                                    


"ဟားဟားဟားဟား" ကျယ်လောင်သော ရယ်သံများက ထွက်ပေါ်နေသည်။

ထန်ဂျီက ထရပ်လိုက်ပြီးနောက် သူက ကြေမွှ၍ ပိပြားနေသော ပန်းခင်း၏ အခြေအနေကို တွေ့လိုက်ရသည်။

ဘေးမှ ရှီမိုက လေသံမာမာဖြင့် ဝံ့ကြွားစွာ ပြောလိုက်သည်။

"နောက်ကျလို့ရှိရင် သခင်လေးက ဂါထာလွှတ်ရင် သူပြောတဲ့အတိုင်း လုပ်လိုက်။ ထပ်မပြောရစေနဲ့"

သူက ထိုသို့ပြောပြီးနောက် ပန်းများကို ရည်ရွယ်ချက်ရှိရှိ နင်းချေကာ ထွက်သွားသည်။

"မြန်မြန်လေး ရှင်းလင်းလိုက်လေ။ မင်းရဲ့ ပျင်းရိနေတာနဲ့ သခင်လေးရဲ့ စိတ်ကို မညစ်နွမ်းစေနဲ့" ရှိမန်က ဝင်၍ ပြောပြန်သည်။

သခင်လေးဝေထျန်းချောင်က ဂရုစိုက်ပုံမရချေ။ သူက မွစာကြဲနေသော ပန်းများကိုကြည့်၍ "ပန်းတွေ ပျံထွက်သွားတာ ကြည့်လို့ကောင်းသား" ဟု ဆိုလိုက်သည်။

"သခင်လေးက ကြည့်ချင်တယ်ဆို ကျွန်တော်တို့ ပန်းတွေကို ပျံအောင် လုပ်ပေးမယ်လေ" ရှီမုက လျှင်မြန်စွာ ဝင်ပြောသည်။

သခင်လေးက ချက်ချင်း စိတ်ပါသွားသည်။ ထိုအချိန်တွင်ပင် "မင်းတို့ ဘာတွေ လျှောက်လုပ်နေတာလဲ။ ရှီမို သခင်လေးကို မကောင်းတာတွေ လျှောက် သင်မနေနဲ့။ သခင်မသိရင် မင်းကို အရေစုတ်လိမ့်မယ်" ဟုသော စကားသံ တစ်ခု ထွက်လာသည်။

အနည်းငယ် အသက်ကြီးသော လူငယ်တစ်ယောက်က လျှောက်လာသည်။ သူက အစေခံခေါင်းဆောင် ဝမ်ချင် ဖြစ်သည်။ သူက ပန်းခင်းပျက်စီးသွားခြင်းကို စိတ်တိုနေပုံ ရသည်။

ရှီမိုက ဝမ်ချင်ကို မကြောက်ပဲ နှာခေါင်းပင် ရှုံ့လိုက်သည်။

သို့သော် သခင်လေးမှာ သူ့အမေဟုသော အသံကြားသဖြင့် သူ့အမေ၏ ကြိမ်လုံးကို သတိရသွားကာ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ ထို့နောက် "လာကြ သွားမယ်" ဟုအော်ကာ အုပ်စုလိုက် ထွက်သွားကြလေသည်။

ဝမ်ချင်က ရှီမိုက ဂရုမစိုက်သဖြင့် အလွန်ဒေါသထွက်သွားသော်လည်း သူက ကျောင်းတော် မဝင်ရသည့် အစေခံဖြစ်ကာ အနာဂတ်မရှိချေ။ သူ့အနေဖြင့် လုပ်နိုင်သည်မှာ ဘာမျှ မရှိသောကြောင့် ထန်ဂျီကိုသာ အော်လိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now