အခန်း (၂၅) ဝေသခင်မ၏ ဒေါသ

204 34 0
                                    


"ဘယ်သူလုပ်တာလဲ"

ဝေသခင်မက သစ်ပင်တွင်ချည်ထားခံရသော ထန်ဂျီကို ကြည့်၍ ဒေါသဖြင့် အော်သည်။

အနားတွင် ရှိနေသော အစေခံကောင်လေး အားလုံးက ကြောက်၍ တုန်နေကြပြီး တစ်ဦးမှ အသံမထွက်ရဲချေ။ အမှန်တော့ ထိုသို့ မေးခြင်းက အဓိပ္ပါယ်မရှိချေ။ ဤနေရာတွင် ဝေထျန်းချောင်မှလွဲ၍ မည်သူမျှ ထိုသို့လုပ်ရဲမည် မဟုတ်ချေ။

ဝေသခင်မက ထိုအကြောင်းကို တွေးမိလိုက်သည်။

"ဝမ်ချင်း နင်က ခုထိ သူ့ကို အောက်မချပေးသေးဘူးလား။ ရှိမန် သွား ချောင်အာ့ကို သွားနိုး။ သူက ဘယ်အချိန်ထိ အိပ်နေမှာလဲ။ ရှီမို ပြောစမ်း ဘာဖြစ်တာလဲ" သခင်မက ဆက်တိုက် အော်လိုက်သည်။

ရှီမိုက ဖြစ်ပျက်သမျှ အလုံးစုံကို အသံတုန်တုန်ဖြင့် ပြန်ပြောသည်။ သူ့အနေဖြင့် ထန်ဂျီအကြောင်း အကောင်း မပြောချေ။ ထန်ဂျီက သခင်လေး၏ ပျော်စရာလုပ်ငန်းမှာ ဝင်ရှုပ်ပြီး မြင်းကိုသတ်ကြောင်းကို ပို၍ အလေးထားပြောလေသည်။ ထို့ကြောင့် သခင်လေးက စိတ်ဆိုး၍ ရိုက်ခြင်း ဖြစ်ကြောင်းသာ ပြောသည်။

သို့သော် ကျန်းရှုဖန်က ထက်မြက်သော အမျိုးသမီးဖြစ်ပြီး ဘာမှားနေသည်ကို ချက်ချင်း သတိထားမိသည်။ ထန်ဂျီက အိမ်တော်ကို ရောက်သည်မှာ အတန်ကြာပြီဖြစ်၍ သူမက ထန်ဂျီအကြောင်း အတန်အသင့် သိလေသည်။ ထန်ဂျီက တည်ငြိမ်၍ ရင့်ကျက်သော စရိုက်ရှိပြီး အကြောင်းမရှိပဲ တစ်ခုခု လုပ်မည် မဟုတ်ချေ။ ရှီမို၏ လိမ်ပြောသည်ကို သတိထားမိသဖြင့် သူမက ပါးကိုရိုက်၍ ထပ်မေးလိုက်သည်။

"သောက်ကောင်လေး... ငါ့ကို လိမ်ရဲသေးတာလား။ ချန်းယန်၊ ချန်းရှင် ဒီကလေးတွေကို တစ်ယောက်စီခွဲပြီး မေးစမ်း"

ချန်းယန်နှင့် ချန်းရှင်မှာ အိမ်တော် အစောင့်များ ဖြစ်ကြလေသည်။

သူမက စစ်ဆေးရေးတွင် မကျွမ်းကျင်သော်လည်း တရားခံများကို ခွဲ၍ စစ်ဆေးခြင်းမှာ ကျွမ်းကျင်သူများ လုပ်လေ့ရှိသည်မျိုးပင်။

ကလေးများမှာ လောကကြီးအကြောင်း သိပ်မသိသေးသဖြင့် အနည်းငယ် မေးမြန်းသည်နှင့် အကုန်ပြောသည်သာ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now