အခန်း (၁၂၄) လိုက်တမ်း ပြေးတမ်း

133 21 0
                                    


နောက်ရက်များတွင် ကုချန်ချင်းက တိုင်းပြည်အတွင်း ထန်ဂျီအပါအဝင် သူ့လူများနှင့် အတူ လရောင်လှုံဂိုဏ်းမှ လိုက်ခံရခြင်းနှင့် သေတ္တာကို ရှာရခြင်းကြောင့် ပတ်ပြေးနေရလေသည်။ သူက နေ့စဉ်ရက်စက် ထန်ဂျီကိုလည်း စစ်ကြောရသေးသည်။ သို့သော် ထန်ဂျီ၏ ခန္တာကိုယ်အစိတ်အပိုင်းများကိုမူ ထပ်မဖြတ်တော့ချေ။ သူတို့က တောက်လျှောက် ပြေးနေရသဖြင့် ဒုက္ခိတ တစ်ယောက်နှင့်ဆို မလွယ်ချေ။ ထန်ဂျီ ပြောခဲ့သလိုပင် ထန်ဂျီ၏ ခြေထောက်ကို ဖြတ်ပါက သူ့အား သယ်ရန် လူတစ်ယောက် သပ်သပ် လိုလာချေမည်။

ထျန်းရှုနှစ် ၃၄၇ ခု၊ သုံးလပိုင်း၊ ၁၂ရက်နေ့။

ကုချန်ချင်းနှင့် နတ်ခေါင်းနန်းတော်မှ လူများက လရောင်လှုံကျောင်းတော်သား ထန်ဂျီကို ပြန်ပေးဆွဲခဲ့သည်။ ထိုနေ့တွင်ပင် လရောင်လှုံကျောင်းတော်က နတ်ခေါင်းနန်းတော်၏ လျှို့ဝှက် အခြေစိုက် စခန်း တစ်ခုကို ဝင်စီးခဲ့ပြီး ကုချန်ချင်းနှင့် သူ့လူအချို့က ထွက်ပြေးသွားခဲ့သည်။

သုံးလပိုင်း ၁၃ ရက်နေ့တွင်မူ ကုချန်ချင်းက မိုင်ခြောက်ဆယ်ကျော်အထိ ပြေးခဲ့ပြီး လရောင်လှုံဂိုဏ်း၏ ကုန်သည်ယာဉ်တန်း တစ်ခုကို တိုက်ခိုက်ကာ ထွက်သွားပြန်သည်။

လရောင်လှုံဂိုဏ်းက သူတော်စင် တိုင်းပြည်အတွင်းရှိ ရှိရှိသမျှ ဂိုဏ်းကြီး ဂိုဏ်းငယ်များကို အကြောင်းကြားခဲ့ပြီး ကုချန်ချင်းတို့ကို တွေ့ပါက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း သတ်ရန် အမိန့်ထုတ်ခဲ့သည်။

ထို့နေ့တွင်ပင် လင်တုန်းရှန်ကို သုတ်သင်ခဲ့သည်။

သုံးလပိုင်း၊ ၁၅ ရက်နေ့တွင်မူ ကုချန်ချင်းက မင်စီရင်စုသို့ ရောက်လာပြီး မင်မြို့ကို ဝင်စီးလေသည်။ သူတို့က မင်မြို့၏ လရောင်လှုံဂိုဏ်း တာဝန်ခံကို သတ်ပြီးနောက် နေရာရွှေ့ပြောင်း အစီအရင်ကို ဖျက်ဆီးကာ ထွက်ပြေးပြန်လေသည်။

သုံးလပိုင်း၊ ၁၇ရက်နေ့တွင် ကုချန်ချင်းက အနည်ထိုင် တောင်တန်းသို့ ရောကလာပြီးနောက် ထိုနေရာတွင် ထောက်ချောက် ဆင်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ထင်းရှုးတံခါး ဂိုဏ်းမှ တပည့် ဆယ့်ရှစ်ယောက် သေဆုံးခဲ့ပြီး အကြီးအကဲ ယုဟိုင်ပါ သေဆုံးခဲ့လေသည်။ ကုချန်ချင်းက ဒဏ်ရာ ရသွားလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Où les histoires vivent. Découvrez maintenant