အခန်း (၁၃၉) ပူးပေါင်းခြင်း (၂)

112 20 0
                                    


"မင်းတို့လို အကောင်ပေါက်လေးတွေကို လှည့်စားဖို့ မလွယ်ဘူးဆိုတာ ငါသိသားပဲ။ ထင်ထားသလိုပဲ မင်းတို့က သိသွားပြီ။ မင်းတို့က လိမ်လိမ်မာမာလေး ကျင့်ကြံနေရမယ့်အစား ငါ့ကိစ္စထဲ ဝင်ရှုပ်နေတယ်။ ဒီလိုဆိုမှတော့ မင်းတို့က ငါ့ရဲ့ ငရဲတစ္ဆေတာအိုရဲ့ ပြိတ္တာတွေအဖြစ် နေလိုက်ကြတော့။" ထိုလူရိပ်က လှောင်သော ရယ်သံဖြင့် ပြောလိုက်သည်။

မကောင်းဆိုးရွား လေထုတစ်ခုက တိုက်ခတ်လာသည်။ ငရဲတစ္ဆေတာအို။ ထန်ဂျီကနှင့် ကောင်မလေးက ထိုစကားကြောင့် မျက်နှာပျက်သွားကြသည်။

"ထင်တဲ့အတိုင်းပဲ တစ္ဆေမွေးဂိုဏ်းရဲ့ အကြွင်းအကျန်တွေကိုး။ နှစ်ထောင်ချီ ကြာပြီးတာတောင် လက်စမသပ်သေးပါလား" ထန်ဂျီက ပြောလိုက်သည်။

ထိုသို့ပြောရင်း ထန်ဂျီက လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ ဆိုးယုတ်သော လေထုက ပြန်၍ ဆုတ်သွားသည်။

ရသေ့က ကောက်ကျစ်စွာ ရယ်သည်။

"တစ္ဆေတာအိုက ထာဝရတည်တယ်။ တစ္ဆေဂိုဏ်းကလည်း မသေဘူး။ မင်းတို့လို့ လူငယ်တွေက ဘာသိမှာလဲ။ မင်းတို့ အသက်တွေကို လိမ်လိမ်မာမာ လွှဲပေးလိုက်"

သူ၏ အင်္ကျီလက်အိုးများက လှုပ်ခတ်သွားပြီး အမှောင်ထဲမှ အရိုးခေါင်း တစ်ခု ထွက်လာကာ ပါးစပ်ကို ဖွင့်၍ ထန်ဂျီ၏ လက်ကို ကိုက်လိုက်သည်။

ထန်ဂျီက တစ္ဆေကို ဆည်းလည်းထဲ ပြန်ထည့်နေစဉ် အရိုးခေါင်းက လျှင်မြန်စွာ ဝင်လာသဖြင့် သူက မရှောင်နိုင်လိုက်ချေ။

ကောင်မလေးက မျက်နှာ ပျက်သွားကာ အော်လိုက်သည်။

"အား... ဒါက မိစ္ဆာလက်ပတ် အရိုးခေါင်းပဲ။ သွားတွေက အဆိပ်ပြင်းတယ်။ နင့်လက်ကို ဖြတ်လိုက်ရင် ကယ်နိုင်သေးတယ်"

"နောက်ကျသွားပြီ။ အဆိပ်က ကိုယ်ထဲဝင်သွားတာနဲ့ သွေးစွမ်းအင်ထဲမှာ ပျံ့နှံ့သွားတာ။ မင်းက အဆိပ်ဒဏ်ခံနိုင်တဲ့ ကိုးဆင့် တိုးတက် အဆင့်မဟုတ်ရင် သေမှာပဲ။ မိစ္ဆာအရိုးခေါင်း တစ်ခုက မင်းတို့ထဲက တစ်ယောက်ကို သတ်နိုင်မယ် ငါက မထင်ခဲ့ဘူး။ ငါ့ဖင်ကြီး လရောင်လှုံ ကျောင်းသားလား။ မင်းက ဘာမှလည်း မဟုတ်ဘူး" ဖုယုက လှောင်လိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now