အခန်း (၆၈) လူသတ်သမား

195 34 1
                                    

တောက်ပသော ဓါးတစ်လက်က ထန်ဂျီဆီ အုပ်မိုး၍ ဝင်လာသည်။ ကျောင်းရှန်းက သူ့ခွန်အား၏ ရှစ်ဆယ် ရာနှုန်းကို ထိုခုတ်ချက်တွင် ထည့်ထားသည်။ ထိုခုတ်ချက်မှ ထန်ဂျီသည် သေမည် မဟုတ်ပဲ ဒဏ်ရာ ပြင်းပြင်းသာ ရမည်ကို သူက သေချာ သိလေသည်။

သို့သော် သူတိုက်ခိုက်ချိန်တွင် ထန်ဂျီကလည်း လှုပ်ရှားလာသည်။ သူက လှည့်လာကာ လက်ကို မြှောက်လိုက်သည်။ ထန်ဂျီ၏ လက်ထဲမှ ဓါးက ကျောင်းရှန်၏ ဓါးကို တားလိုက်သည်။

"မင်း" ကျောင်းရှန်းက အံ့ဩသွားသည်။ သူ၏ ခုတ်ချက်မှာ ကြိုတင်ပြင်ဆင်ထားပြီး တိုင်ပင်ကိုက် ခုတ်လိုက်ခြင်းပင်။ ကြည့်ရသည်မှာ သူ၏ ပြိုင်ဘက်ကလည်း ပြင်ဆင်ထားပုံပင်။

သူက ရုတ်တရက် ကြောင်နေသည်။ ထို့နောက် သူက ဂါထာထုတ်ရန် လက်ဟန် ကို စလိုက်စဉ် ထန်ဂျီက ရက်စက်သော အပြုံးနှင့် ရှေ့တိုးလာပြီး မျက်နှာကို ထိုးချလိုက်သည်။

ထိုလက်သီးချက်က ပြင်းထန်လှပြီး ကျောင်းရှန်း၏ နှာခေါင်းမှ သွေးများ ဒရဟော ထွက်ကျလာလေသည်။ သူက ထန်ဂျီ၏ နောက်ထပ် တိုက်ချက်မှ လွတ်ရန် မြေပြင်တွင် လှိမ့်လိုက်သော်လည်း ထန်ဂျီက သူ့အား လိုက်မကန်ပဲ အေးစက်သော အကြည့်ဖြင့် ကြည့်နေသည်ကိုသာ သတိထားလိုက်မိသည်။

"မင်း.. မင်းသိနေတာလား" ကျောင်းရှန်းက ထန်ဂျီကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်။

"တစ်ကယ်တော့ ငါမသိပါဘူး။ ဒါပေမယ့် ငါက အမြဲတမ်းလိုလို ဆိုးရွားလာနိုင်တဲ့ အရာတွေအတွက် ပြင်ဆင်ထားတတ်တယ်။ ရိုးရိုးသားသား ပြောရရင် နတ်ခေါင်းနန်းတော်က လူက ဒီလို ဆုံးဖြတ်ချက် ပြတ်သားပြီး အရင်တစ်ခေါက် အဖြစ်အပျက် မကြာသေးခင်ကိုပဲ ငါ့ကိုဖမ်းဖို့ လူတစ်ယောက်လွှတ်မယ် ထင်မထားဘူး။ သူတို့က လူမှားဖမ်းမိမှာကို မစိုးရိမ်ဘူးပေါ့။ လေးစားစရာပဲ။ ကြည့်ရတာ ငါက တကယ့် ပြိုင်ဘက်ကောင်းနဲ့ တွေ့နေပြီပဲ" ထန်ဂျီက လှောင်ရယ်ရယ်ရင်း ပြောလိုက်သည်။

"မင်းက တစ်ကယ်ကို ထန်ကျိရီပဲ" ကျောင်းရှန်းက အော်လိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now