အခန်း (၁၅၁) အမွေခံ

114 15 0
                                    


ထန်ဂျီ၏ သူ၏ကြောင့်ကြမဲ့ နေအိမ်သို့ ပြန်ရောက်သောအခါ သူက နာကျင်မှုကို အံကြိတ်ခံရင်း အဝတ်များ လဲလိုက်သည်။ သူက ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာ လန့်နေသည်။

သူကချီရှောက်မင်နှင့် တိုက်စဉ်က ရသည့် ဒဏ်ရာသည် ကျောင်းတွင်း တစ်လျှောက် သူတိုက်ခဲ့သမျှတိုက်ပွဲ တိုင်းတွင် အများဆုံး ဖြစ်လေသည်။ တိုက်ခိုက်မှု စွမ်းအားတွင် ချီရှောက်မင်၏ ရိပ်မြန်နှင့် အေးစက်ပုံရိပ်ဓါး ပေါင်း၍ တိုက်ခိုက်ချက်မှာ တန်းတူများကြားတွင် အပြင်းဆုံးဖြစ်လေသည်။ သူ၏ ချီရည်စက်မှာ နည်းနေ၍သာ ဆက်တိုက် အများကြီး မသုံးနိုင်ခြင်းပင်။

ချီရှောက်မင်က အဆင့်တက်လာပါက ထန်ဂျီက ယှဉ်နိုင်တော့မည် မဟုတ်ချေ။ ကျင့်ကြံခြင်းသည် ရေဆန်ကို လှော်တက်ရသည်နှင့် တူလေသည်။ ရှေ့မတိုးပါက နောက်ပြန်ကျသွားမည် ဖြစ်သည်။ အနည်းငယ် တုံ့သွားပါက နောက်ကလူများ မှီလာမည် ဖြစ်သည်။

ထန်ဂျီက သူ၏ နောက်ကြောင်းကို ရှင်းထုတ်လိုက်ခြင်းကလည်း အားသာချက်များပါ ပါသွားလေသည်။ သူက လက်ရှိတွင် ကြွေးပိနေသည်။ သူက ခုန်ပျံ တိုးတက်ဖို့လည်း ယခင်လို မျှော်လင့်၍ မရတော့ချေ။

သို့သော် ထန်ဂျီက ဘာမျှ မတတ်နိုင်ချေ။

သူက ထိုသို့တွေးနေစဉ် ရှုမြောင်ရန် ပေးထားသည့် ကျောက်စိမ်းပြားက ရုတ်တရက် တောက်ပလာသည်။

ထန်ဂျီက ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။ ကျောက်စိမ်းပြားမှ စာတန်းအချို့ ထွက်လာသည်။

"ငါက သမုဒ္ဒရာ နန်းဆောင်ကို ပြန်ရောက်ပြီ"

ထိုရိုးရှင်းသော စာလေးက ထန်ဂျီ၏ နှလုံးသားကို လှုပ်ခါသွားစေသည်။ သူက အဘယ့်ကြောင့် ယခင်ရက်များက စာမရသည်ကို သဘောပေါက်သွားသည်။

သူမက သူ့အား စက္ကူကြိုးကြာရုပ် ပေးခဲ့သည့်အတွက် သူမက နန်းဆောင်သို့ ပြန်ရောက်မှသာ သူ့အား စာပို့နိုင်ခြင်း ဖြစ်သည်။

လဝက်... ထိုသည်က မြန်သော နှုန်းပင်။

ထန်ဂျီ နှလုံးသားများက နွေးထွေးသွားသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now