အခန်း (၁၇၉) စွပ်စွဲ ခံရခြင်း

72 12 0
                                    


သခင်ကြီး ဝူဝမ်မှာ ခရမ်းနန်းတော်အဆင့် သစ္စာရှင် သခင်ဖြစ်သည်။ ထို့ကြောင့် သူ၏ စာလုံး တစ်လုံးမှာ ပညာရပ်အဆင့် လက်နက်ထက်ပင် အဖိုးတန်သည်။ ထန်ဂျီက ရတနာတစ်ခု ရလိုက်လေသည်။

ယခုမူ လူတိုင်းက ဤနေရာသည် သခင်ကြီး ဝူဝမ်ပိုင်နက်ဟု သိလိုက်၍ မည်သူမျှ ပြဿနာ မရှာရဲတော့ချေ။ အရိုအသေ ပေးလိုက်ကြသည်။ ရုပ်ချောသော လူငယ်သာ အသာအယာ ဦးညွှတ်သည်။

သို့သော် သခင်ကြီး ဝူဝမ်က စိတ်ရှိပုံ မရချေ။ သူက ရယ်၍ ပြောသည်။

"ဒါပေမယ့် မင်းရေးထားတဲ့ စာက အတော်လေး ဆိုးရွားတယ်.."

ထန်ဂျီ ရေးထားခဲ့သည့် စာလုံးက တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားပြီး နောက်ထပ် ပုံစံတူ စာလုံး တစ်လုံး ပေါ်လာသည်။ ထိုစာမှာ ထန်ဂျီ ဖမ်းယူထားခဲ့သည့် စာလုံးနှင့် ပုံစံတူသလို လှပမှု ခမ်းနားမှုမှာလည်း တစ်ထပ်တည်းပင်။

ထန်ဂျီက ရှက်သွားသည်။

"ကျွန်တော်က ကျောင်းပြန်ရောက်ရင် လက်ရေးလှပန်းချီကို လေ့ကျင့်ပါ့မယ်"

သခင်ကြီး ဝူဝမ်က ဘာမျှ မပြောချေ။ မျက်လုံးက တဖြည်းဖြည်း ပြန်ပျောက်သွားသည်။

ထိုအဖြစ် ပြီးသွားသည်နှင့် မုတ်ဆိတ်နှင့်လူကလည်း မနေတော့ချေ။ သခင်လေးများမှာလည်း အောက်သို့ ကပျာကယာ ဆင်းသွားကြသည်။ ရုပ်ချောသော လူငယ်သာ ကျန်ခဲ့သည်။

ထန်ဂျီကလည်း ဘာမျှ မရှိတော့သဖြင့် ဝေထျန်းချောင်တို့ကို ခေါ်ကာ ဆင်းလာခဲ့တော့သည်။

"မင်းက အတော်လေး ရဲတင်းတာပဲ။ ဝူဝမ်စာလုံးကိုတောင် ခိုးရဲတယ်။ မင်းက ပြဿနာ ရှာမိမှာ မကြောက်ဘူးလား" ဝေထျန်းချောင်က အောက်ရောက်သည်နှင့် ချက်ချင်း ပြောသ်ည။

"ဒီလို အခွင့်အရေးမျိုးက ရခဲ့တယ်လေ။ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မလဲ။ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ကြိုးစား ကြည့်ရမှာပဲ" ထန်ဂျီက ပြောလိုက်သည်။

"မင်းက နတ်အာရုံနဲ့ ဆွဲဖြဲသတ်ခံရမှာ မကြောက်ဘူးလား" ရှီမန်က မေးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)حيث تعيش القصص. اكتشف الآن