အခန်း (၆၇) ရန်သူ

189 38 0
                                    

သူ၏ အခန်းထဲတွင် ယမ်းစိမ်း မီကာသလင်းနှင့် သန္တာပြာတို့ ရော၍ ကြိတ်ထားသည့် သုတ်ဆေးကို အပ်တစ်ခုထဲထည့်၍ တစ်ဖြည်းဖြည်း အစက်ချနေသည်။ ထန်ဂျီက အပ်ဖြင့် ယခင်ဆွဲထားသည့် အင်းစမမျဉ်းများထဲကို ထိုဆေးကို ချနေသည်။ သူက ထိုဆီဆေး (ပန်းချီဆွဲတဲ့ ဆေး)ရှုမုယန် ချန်ခဲ့သည့် နည်းလမ်း အတိုင်း ဖော်စပ်ထားပြီး ထိုနည်းက ချီကို လွဲပြောင်းရာတွင် အလွန်သင့်တော်လေသည်။ ချီများက ထိုဆေးစက် မျဉ်းများအတိုင်း စီးဆင်းသွားပြီး အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ထည့်သွင်းထားသော ပညာရပ်ကလည်း အသက်ဝင်လာမည် ဖြစ်သည်။

အစီအရင်၊ အဆောင်နှင့် ဂါထာ ပညာများဆိုသည်မှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။ ထိုပညာ အားလုံးက ချီကို လှည့်ပတ်၍ ပညာရပ် ထုတ်ခြင်းပင်။

တာအိုဆရာ ကုက အတန်းထဲတွင် တစ်ခါ မေးဖူးသည်။ "လူတိုင်းက လောကမှာ ချီစွမ်းအင် ရှိတယ်လို့ သတိကြတယ် ဒါပေမယ့် ချီစွမ်းအင်ဆိုတာ ဘာလဲ"

လူအနည်းငယ်ကသာ အဓိပ္ပါယ်ရှိသော အဖြေကို ပေးနိုင်ကြသည်။

ဆရာကု၏ အပြောအရ ချီစွမ်းအင်ဆိုသည်မှာ အခြေခံကျသော ဒြပ်(ဝတ္တု) တစ်မျိုးဖြစ်ပြီး လောကတွင် ငြိမ်သက်စွာ တည်ရှိနေခြင်း ဖြစ်သည်။ အဏုမြူမှုန်များ ကဲ့သို့ပင် သူတို့က အရာအားလုံး၏ ဖွဲ့စည်းပုံတွင် ပါဝင်လေသည်။

ကွဲပြားသည်မှာ ချီစွမ်းအင်က စိတ်ဝိဉာဉ် သဘာဝ ရှိလေသည်။

ထို 'စိတ်ဝိဉာဉ်သဘာဝ' ဆိုသည်မှာ စိတ်ဝိဉာဉ်(ချီ)စွမ်းအင်နှင့် မတူချေ။ ထိုသည်က လောကတွင် တည်ရှိသော ဒြပ်သဘာဝ ဖြစ်ပြီး ပုံစံအမျိုးမျိုး ကွဲပြားလေသည်။

လေသည် သိစိတ်မရှိချေ။ မိုးသည်လည်း သိစိတ် မရှိချေ။ သစ်၊ ကျောက်တို့သည့်လည်း သိစိတ်မရှိချေ။ သို့သော် စိတ်ဝိဉာည်မှာ သိစိတ်ရှိသည်။

စိတ်ဝိဉာဉ်(ချီ)မှာ သိစိတ်ရှိသော်လည်း ဂရုမထားကြ မသိကြချေ။

ချီသည် အရာအားလုံး၏ မူလဖြစ်လေသည်။

အသက်ရှိသော်လည်း သက်ရှိမဟုတ်ချေ။ အခြားသက်ရှိများနှင့် အကြီးမားဆုံး ကွာခြားချက်မှာ အသိမရှိခြင်း ဖြစ်၍ ထိတွေ့မှုများကို တုန့်ပြန်နိုင်လေသည်။ ထိုသည်က ကျောက်တုံးကို အသက်သွင်း၍ ခိုင်းစေခြင်းမျိုးပင်။ (ငလုံး ရှုပ်ယှက်ခတ်နေတာပဲ)

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now